အဲယားကွန်းတစ်လုံး တပ်ချင်ပါတယ် ဒါပေမယ့် ဘယ်လိုတွက်ချက်ရမလဲ သိချင်သူများအတွက်

***အခန်းတစ်ခန်းရဲ့ cooling load ကို တွက်ချက်ခြင်း***

အဲယားကွန်းတစ်လုံး တပ်ချင်ပါတယ် ဒါပေမယ့် ဘယ်လိုတွက်ချက်ရမလဲ သိချင်သူများအတွက်
အခန်း တစ်ခန်းမှာ မြင်းကောင်ရေ Horse Power ဘယ်နှစ်ကောင်လောက်ကို သုံးမယ်ဆိုတာကို သိချင်ရင် BTU နဲ့ရှာတာပိုသင့်လျှော်ပါတယ်ခင်ဗျာ။
B.T.U ဆိုတာ British Thermal Unit ဖြစ်ပါတယ်။
ဒီတော့ Formula အရ
B.T.U = Square feet × 35
သိချင်တာက B.T.U ဆိုရင်
အခန်းရဲ့ အလျှားနဲ့ အနံကို မြှောက်လိုက်ရင်
Square Feet ရပါတယ်။
ဆိုပါစို့ ၁၂ ပေ ၁၅ပေ ကျယ်တဲ့အခန်းမှာဆိုလျှင် Square Feet က 180 ရှိမယ်။
ရလာတဲ့ sq.ft ကို 35 နဲ့မြှောက်ပါ။
35 ဆိုတာက Constant ကိန်းသေပါ။
( အိမ်အဟောင်းနဲ့ တိုက်ခန်းအဟောင်းတွေမှာဆို
35 BTU per feet နဲ့တွက်ပြီး
အိမ်အသစ်နဲ့ တိုက်ခန်းအသစ်တွေကိုတော့
30 BTU per feet နဲ့တွက်ပါတယ်။ )
ဒါကတော့ Warm နွေးတဲ့နေရာဒေသတွေမှာပါ။
ချမ်းအေးတဲ့ ဒေသတွေမှာတော့
( အိမ်အဟောင်းနဲ့ တိုက်ခန်းအဟောင်းတွေမှာဆို
60 BTU per feet နဲ့တွက်ပြီး
အိမ်အသစ်နဲ့ တိုက်ခန်းအသစ်တွေကိုတော့
50 BTU per feet နဲ့တွက်ပါတယ်။ )
ဒါကြောင့် ရန်ကုန်မြို့လို ဒေသမှာ နေထိုင်တယ်ဆို
35 BTU per hour နဲ့ Sq.Ft ကို မြှောက်တာပါ။
B.T.U = Sq.ft × 35
B.T.U = 180 × 35
B.T.U = 6300 ရပါတယ်။
ရလာတဲ့ B.T.U ဟာ
အကျယ် ၁၂ပေ ၁၅ပေ ကျယ်တဲ့ အခန်းမှာ
တပ်ဖို့လိုတဲ့ B.T.Uပေါ့။ ဒါတင်မပြီးသေးဘူး။
နေရောင် တိုက်ရိုက်ကျတဲ့အခန်းဆိုရင် ရထားတဲ့ B.T.U အဖြေရဲ့ 10% ပေါင်းပေးပါ။
ကျနေမရှိတဲ့အခန်းဆိုရင်တော့ 10% နှုတ်လိုက်ပါ။
ဒီရလာတဲ့အဖြေက ပုံမှန်လူ ၂ယာက် နဲ့
၄ ယောက်ကြားပဲ ထားတွက်တာပါ။
လူတစ်ယောက် ထပ်တိုးလာတိုင်း 600 BTU
ထပ်ပေါင်းပေးပါ။
ဥပမာ လူ၁၀ယောက်ထပ်တိုးမယ်ဆိုရင်
600×10= 6000 ဆိုတော့
ပထမရထားတဲ့
6300btu + 6000btu ဆိုတော့
12300btu ရပါတယ်။
ဒါဆိုရင် တစ်ကောင်ခွဲ 1.5HP ရှိတဲ့
အဲယားကွန်းတစ်လုံးတပ်လိုက်ရင် အဆင်ပြေပါပြီ။
မီးဖိုချောင်မှာတပ်မယ့် အဲယားကွန်းတွေဆိုရင်တော့ ခုရလာတဲ့တန်ဖိုးကို 4000btu ထပ်ပေါင်းပြီး လိုအပ်တဲ့ အဲယားကွန်းကို တွက်ချက်ပြီး တပ်ဆင်လိုက်ပါ။ အဆင်ပြေပါစေခင်ဗျာ။

*** နောက်တစ်နည်းက***
အခန်းတစ်ခန်းရဲ့ cooling load ကိုတွက်တဲ့
အလွယ်ဆုံး နည်းကတော့ Area နဲ့တွက်ရတာပါပဲ။
15'×10'ရှိတဲ့ အခန်းရဲ့ area 150 square feet ကို
ဥပမာ ထားတွက်ကြည့်ရင် 1 square feetရဲ့
အအေးလိုအပ်ချက် က 60 Btu/hr to 85 Btu/hr
ရှိရပါမယ်။ အဲဒါဆို maximum ထားပြီး
တွက်ကြည့်ရရင် 150×85=12750 Btu/hr ရပါမယ်။
အဲဒါဆို 1Ton=1.5HP=12000 Btu/hr ဖြစ်တဲ့
အတွက် ၁ကောင်ခွဲ air-con တစ်လုံးလိုပါမယ်။
metric system နဲ့ တွက်မယ်ဆို
1 square meter မှာ အအေးလိုအပ်ချက်
600 to 850 Btu/hr ရှိရပါတယ် ။
Imperial နဲ့ metric က ၁၀ ဆကွာတယ်လို့
မှတ်ထားလိုက်ရင် ရပါပြီ။
Credit ; Ref ; SGP  Code 

YMA  (အညတရ)


Comments