အဲကွန်း Remote မှာပါတဲ့ လုပ်ဆောင်ချက်တွေ အကြောင်း

အဲကွန်း Remote မှာပါတဲ့

လုပ်ဆောင်ချက်တွေ အကြောင်း



ℹ#On/off ဆိုတဲ့ခလုပ်ကတော့ အဲကွန်းကို အဖွင့်အပိတ်လုပ်တဲ့ ခလုပ်ပါ။ တချက်နှိပ်ရင် ဖွင့်၊ နောက်တချက်နှိပ်ရင် ပိတ်ပေးပါတယ်။

ဖွင့်လက်စ အဲကွန်းကို ချိန်ပြီးနှိပ်လိုက်ရင်

ပိတ်သွားပြီး၊ ပိတ်နေတဲ့အဲကွန်းဆို

ပွင့်သွား ပါလိမ့်မယ်။



♻#Mode ဆိုတဲ့ခလုပ်ရဲ့ လုပ်ဆောင်ချက်ကို ပြောပြပါမယ်။ တချက်နှိပ်ရင် အဲကွန်းလုပ်ဆောင်ချက်

အနေနဲ့ 🔁✳🔆❇

Auto-Cool - Dry-Heat - Fan ဆိုပြီး

တခုချင်းစီပြောင်းပါလိမ့်မယ်။



*Auto မှာထားရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း-

Outdoor unit အဖွင့်အပိတ်နဲ့ လည်ချိန်တွေကို အဲကွန်းထဲက Proccessor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်။



*Cool မှာထားရင် အဲကွန်းက အေးနေပါလိမ်မယ်။

ဒီအချိန်မှာ Out door unit တခုလုံး အလုပ်လုပ်နေ ပါလိမ့်မယ်။ သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန်

အောင်မရောက်မချင်း အဲကွန်းက လည်နေပါ

လိမ့်မယ်။



*Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။

ဒီအချိန်မှာအေးရုံသာမက အခန်းတွင်းက ရေငွေ့ ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီးလျှော့ချ ပေးပါလိမ့်မယ်။



*Heat ဆိုတာကိုနှိပ်ထားပြီး ချိန်ထားမယ်ဆိုရင်တော့

အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့

ဟာဆိုရင်တော့ အခန်းတွင်းက Infoor က အပူကွိုင်ဖြစ်သွားပြီး Outdoor unit က အအေးကွိုင်အဖြစ်

ပြောင်းပြန် အလုပ်လုပ် ပေးပါလိမ့်မယ်။



*Fan ဆိုတဲ့ အနေအထားမှာ နှိပ်ထားပြီး ချိန်ထားရင်တော့ အဲကွန်း Outdoor က အလုပ်မလုပ်ပဲ Indoor ပန်ကာပဲ အလုပ်လုပ်ပါလိမ့်မယ်။

အခန်းတွင်း လေဝင်နေပေမဲ့ မအေးတော့ပါ။

ပန်ကာချည်းသာ လည်နေလို့ ဖြစ်ပါတယ်။

တချိုဆို ရီမုတ်ကွန်ထရိုးမှာ

ဒီအခြေအနေ ကို နှိပ်ထားပြီး အဲကွန်း မအေးလို့ ဆိုပြီး

ပြငိတဲ့သူတွေ လှမ်းခေါ်တော့ လမ်းစာရိတ်ကုန်တာမျိုး ရှိတတ်ပါတယ်။



#Temp 🔺🔻 လို့ရေးထားတဲ့ အခန်းရဲ့ လေထုအပူချိန်ကို ကိုယ်လို သလိုချိန်ဖို့ ဘယ် ညာ မျှားနှစ်ခုလေးနဲ့ ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။

အခန်းရဲ့အပူချိန်ကို ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေမည့် အပူချိန်ကို ချိန်ရာမှာ သုံးပါတယ်။

နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီး နှိပ်ဖို့ လိုပါတယ်။ လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့အပူချိန်က

ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင် အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲ ရှိပါတယ်။

အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ

ကိုယ့်အတွက်ချမ်းမှန်း ပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။



🏜ရန်ကုန်မှာနေသူ သာမာန် ပေါင် 120 လောက် လူတစ်ယောက်အတွက် ကောင်းမွန် တဲ့ အပူချိန်ကတော့ နေ့ခင်းဖက်ဆို 23'C ကနေ 26'C အတွင်းဆို အတော်ပါပဲ။ ညဖက်ဆိုရင်တော့.. စောင်ခြုံအိပ်တတ်ရင်

19'C ကနေ 23'C အတွင်း အတော်ပါပဲ။

ရီမုတ်ကိုနှိပ်ပြီး 16'C ထိအပူချိန် ကိုချိန်ထားတာမျိုး မလုပ်သင်ပါဘူး။

16'C ထိ အပူချိန်ကိုနှိပ်ထားခြင်းဟာ

အခန်းရဲ့အပူချိန် အဲဒီလောက်ထိ ကျဆင်းသွားမှ စက်ကို ရပ်ပါ လို့ပြောတာပါ။ အခန်း အပူချိန် 16'C ဟာ လူအများစုအတွက် ကျန်းမာရေးအရ မကောင်းပါဘူး။ အေးလွန်းပါတယ်။ အဲဒီအပူချိန်ထိ ကျဆင်းသွားဖို့ ဆိုတာလည်း တော်တော်များများအခန်းတွေအတွက် စက်ကို ဆက်တိုက် ရက်ရှည်မောင်း ထားတောင် မရောက်ပါဘူး။ မီတာခလည်း ပိုကုန်ပါတယ်။

အဲဒီအပူချိန်ကို ရောက်ခဲ့ရင်လည်း ကျန်းမာရေး အတွက် မကောင်းပါဘူး။ တချို့က ဘာမှန်းမသိပဲ

အဲဒီအပူချိန်ထိ ချထားတတ်ပါတယ်။ မလုပ်သင့်ပါ။



#Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက ပန်ကာ အမြန်နှုန်းကို ချိန်တဲ့ခလုပ်တခုပါ ပါလိမ့်မယ် သူရဲ့အသုံးက.. ပန်ကာအမြန်နှုန်းကို

အမြန်(Hi)၊ အလယ်အလတ်(M)၊ အနှေး(L)

ချိန်ပေးရာမှာ သုံးပါတယ်။ တစ်ချက်နှိပ်ရင်

တမျိုးပြောင်းပါတယ် H-M-L အစဉ်လိုက်ပြောင်း နေပါလိမ့်မယ်။ အများစု ရီမုတ်တွေမှာတော့ မှန်ပြင်ထဲမှာ အတုံး အကြီး ၊ အလတ်၊ အသေး ပြောင်းသွားတဲ့ ပုံစံနဲ့ ပြပါလိမ့်မယ်။

ညအိပ်ချိနိတွေမှာတော့.. အနှေး (L) မှာ ထားခြင်းဖြင့် ဆူညံမှု သက်သာစေနိုင်ပါတယ်။



#Swing 🔀 ဆိုတာကိုတချက်ချင်းစီ

နှိပ်ပြီး အဲကွန်း

Indoor Unit ရဲ့ ရှေ့က Louvre ကိုအပေါ်အောက် ကစားတာနဲ့ ကိုယ်ကြိုက်တဲ့နေရာမှ ရပ်ဖို့စောင့်ပြီး

နှိပ်လိုက်တာနဲ့ အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။



#Timer🕓 ဆိုတဲ့ ခလုပ်နဲ့ အပူချိန်အတိုးအလျော့

များတွေနဲ့ ပေါင်းစပ်နှိပ်ပြီး

ဲအဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့

ကြိုက်တဲ့အချိန်မှာ ပြန်လည်ဖို့ အချိန်ဇယားပေးထားနိုင်ပါတယ်။

#Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း

Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။



အဲကွန်း ရီမုတ်ကိုနှိပ်တဲ့အခါ Indoor unit ရဲ့ ဆင်ဆာကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့ ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။

ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ " တီ" ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်း ကြားနေရတတ်ပါတယ်

Credit》》

#ကိုနန္ဒမိုး







Comments