#ပန်းပဲမောင်တင့်တယ်။ (မင်းမဟာဂီရိ အိမ်တွင်းနတ်) #ကာယဗလနတ်


မြန်မာရာဇ၀င်တွင် ခွန်အားကြီးမားလှသော ပန်းပဲသမားကြီး တစ်ဦးရှိခဲ့၏။ ။ ၄င်း၏ အကြောင်းကား ဘယ်သို့နည်း။ ရာဇ၀င်ကို ပြန်ရှာကြည့်လတ်သော် ပန်းပဲမောင်တင့်တယ် အကြောင်းကို ဦးကုလား ရာဇ၀င် စာမျက်နှာ (၁၄၀) တွင် ဖတ်ရှုကြည့်ရာ စိတ်ဝင်စားစရာကောင်းလှသောကြောင့် မိတ်ဆွေတို့အတွက် ဗဟုသုတ အလို့ငှာ ရေးသားလိုက်ပါ၏။ သိပြီးသော် ကျော်သွားပါ။ မသိသေးသော် ဖတ်ကြည့်ပါ။

ရှေးလွန်လေပြီးသောအခါ တကောင်းပြည်တွင် ပန်းပဲဆရာကြီး ငတင့်တော်တွင် သားတစ်ဦး ထွန်းကားခဲ့လေ၏။ သူ၏ သား၏ အမည်မှာ ငတင့်တယ်ဖြစ်၏။

ငတင့်တယ်သည် အင်အား တောင့်တင်းသန်မာကြံ့ခိုင်လှသည်ဖြစ်ရာ အ၇ွယ်ရောက်သောအခါတွင် မည်မျှအားကောင်းသနည်းဆိုတွင်မူ အင်အားကြီးလှသော ဆင်၏ အစွယ်ကိုပင် ချိုးပစ်နိုင်သည်ဟူသတတ်။

ငတင့်တော်၏ သားလေးသည် ငတင့်တယ်ဖြစ်လာပြီး ၄င်း၏ ဖခင်အမွေကို ဆက်ခံ၏။ တူဖြင့်တစ်ချက် တစ်ချက် ထုလိုက်သံသည် မိုးချုံးသံအလားတည်း။ သံတုန်းကြီးတွေ ပြားကနဲ၊ ပြားကနဲ၊ မီးခဲတွေ ဖွားကနဲ ဖွားကနဲ။ တူထုသံသည် မည်မျှလောက်ပြင်းထန်ပြီး အသံကျယ်သနည်းဟူတွင်မူ တကောင်းမင်းကြီး၏ နန်းတော်တွင် ထိုင်နေသော ပုလ/လင် သည် သိမ့်သိမ့်လှုပ်ခါ သည်ဟူသတတ်။

“ဟဲ့ မင်းကြီးများ ဘာသံတုန်းကွဲ့ ၊ မိုးခြုန်းသံအလား ထင်ရသဟေ။”

‘မှန်လှပါ၊ ငတင့်တော်ရဲ့သား ငတင့်တယ် ပန်းပဲလုပ်ဖို့ တူထုနေတဲ့ အသံပါဘုရား။’

“ဟဲ့ ငါ့ရဲ့ပုလ/လင်တော်ကြီး လှုပ်နေပါ့လား၊ ငလျင်များ လှုပ်သလား မောင်မင်းတို့ရဲ့။”

‘မှန်လှပါ၊ ငတင့်တယ်ရဲ့ တူထုတဲ့ အတွက် ပုလ/လင် လှုပ်ခါရခြင်းဖြစ်ပါတယ်။’

တရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ် လပေါင်းအတန်ကြာ ပုလ/လင်ကြီးက လှုပ်လိုက် နန်းတော်က သိမ့်သိမ့်ခါလိုက်ဖြစ်နေတော့ တကောင်းဘုရင်လည်း

“မင်းကြီးတို့ ငါ့ပုလ/လင် လှုပ်တယ်ကွဲ့၊ နေ့တိုင်းဆိုတော့ ငါမပျော်လှဘူးကွဲ့။ မင်းတို့ ငတင့်တယ်ရဲ့ အိမ်ကို သွားစုံစမ်းချေ။”

မှူးမတ်တွေလည်း ဘုရင့် အမိန့်ကို မလွန်ဆန်ဝံ့ဘဲ မောင်တင့်တယ်တို့ အိမ်ကို လာရောက် ပြီး ရာဇသံ ကြိမ်းတယ်။

“ငတင့်တယ်ဆိုတဲ့ မောင်မင်း ဘောက်မဲ့ကြောင့် တူထုသံသည် ဒီမျှ ပြင်းထန်နေပါသနည်း။”

‘မှန်လှပါ။ ကျွန်တော်မျိုး ပုံမှန် ဓားလုပ်နေကြောင်းပါ။ ယခုလည်း ဘုရင့်ထံ ဆက်သမဲ့ ဓားတွေကို ထုရိုက်နေကြောင်းပါ။’

မှူးမတ်ထဲက တစ်ယောက်က ငတင့်တယ် ပုံလောင်းထားတဲ့ ဓားကို လိုချင်တယ်။ ငတင့်တယ်က မပေးဘူး။ ၀န်ကြီးတွေလဲ အာဏာနဲ့ တောင်းတာပေါ့။ ငတင့်တယ်က ဘုရင့် အမိန့်တော်ပါမှ သာလျှင် ပေးမည်ဖြစ်တဲ့အကြောင်း ရဲရဲ ၀ံ့ဝံ့လျှောက်တင်တဲ့အခါ မှူးမတ်တွေက အမျက်ရှပြီး ပြန်သွားတယ်။

နန်းတော်ပြန်ရောက်တဲ့အခါမှာဘုရင်ကြီးကို လျှောက်တယ်တယ်၊ တင့်တာဟာ ခွန်အားကြီးလှတဲ့အကြောင်း၊ ဘုရင်ကြီးကိုလည်း သတ်ဖြတ်ချင်တဲ့အကြောင်း၊ ထီးနန်းအတွက် စိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပေါ့။

“သယ်၊ ရိုင်းလိုက်တဲ့ဒီမောင်၊ အခုပင် မဆိုင်း၊ ချက်ချက်သွားရောက်ဖမ်းဆီး၊ သုတ်သင်စေ။”

မှူးမတ်တွေလည်း တင့်တယ်၏ ပန်းပဲဖိုအား ၀ိုင်းကြလေတော့၏။ ငတင့်တယ်သည် ၄င်း၏ တူကြီးဖြင့် မြေကြီး၏ ထုလိုက်၏ မြေငလျင် လှုပ်ခါ၏။ မှူးမတ် စစ်သည်တို့ လဲပြိုကြ၏။ ၄င်း၏ လက်သီးချက်သည် အသက်သေစေနိုင်၏။

စစ်သည်တို့သည်လည်း တုတ်၊ ဓားလက်နက်တို့ဖြင့် ထိုး၏ ခုတ်၏။ တင့်တယ်လည်း ဖောက်ထွက်၏။ တူကြီးဖြင့် ထုလိုက်တိုင်း စစ်သားတို့သည် လဲပြိုသည်ဖြစ်ရာ ငတင့်တယ်လည်း လွတ်မြောက်သွားလေတော့၏။

ငတင့်တယ်၏ နှမဖြစ်သူ ပြန်လာသောအခါ ၄င်းတို့၏ ပန်းပဲဖိုလေးသည် ခြောက်ကပ်နေ၏။ အကုန်လုံး ပျက်စီးယိုရွင်းနေ၏။

မှူးမတ် စစ်သားထဲမှ အသက်ရှင်ကျန်ရစ်သူက “အရှင်မင်းကြီး ငတင့်တယ် လွတ်သွားကြောင်းပါဘုရား။ သူ အသက်ရှင်နေသမျှ ကာလပတ်လုံး အရှင်မင်းကြီးရဲ့ ထီးနန်းကို စိုးရိမ်ရပါတယ်ဘုရာ့။’’

 “ငါဘယ်လို လုပ်ရကောင်းမတုန်းကွာ။ အကြံပေးကြစမ်းပါဦးကွဲ့’’

‘မှန်လှပါ။ ၄င်းသူပုန် သူကန်တွင် နှမ ချောလေး ရှိကြောင်းပါ ဘုရား၊ သူ့ကို့မိဖုရားမြှောက်ပြီး ငတင့်တယ်အား တဖက်လှည့်နဲ့ ခေါ်ယူကာ သုတ်သင်သင့်ကြောင်းပါဘုရား’

ရှေးယခင် တကောင်းဘုရင်လည်း သူရဲကောင်းကို မမြှောက်စားတတ်သော သူယုတ်တို့၏ အကျင့်ရှိသည့်အတိုင်း ငတင့်တယ်၏ နှမအား မိဖုရား မြှောက်လိုက်လေ၏။
ငတင့်တယ်၏ နှမအားလည်း ငတင့်တယ်အား မြို့ကွပ်ရာထူးပေးမည်ဟု လှည့်ဖျားကာ ငတင့်တယ်အား အကြောင်းကြားစေ၏။

ဦးနှောက်နည်းလှသော ငတင့်တယ်၏ နှမလည်း လင်ယောက်ျား၏ လှည့်ဖျားချက်ကို မရိပ်မိဘဲ မိမိ၏ မောင်ရင်းအား သတ်ရန်ခေါ်သည်ကို မသိ ငတင့်တယ်အား ခွန်အား ဗလတွင် သာလွန်ကောင်းမွန်လှသောကြောင့်  မြို့ကွပ်ရာထူး ပေးမည်ဟူပြီး အကြောင်းကြားလေ၏။

ငတင့်တယ်လည်း နှမ တောင်မှ မိဖုရား မြှောက်ထားသေးတာပဲ။ ငါ့ကို တကယ် မြို့ကွပ်ရာထူးပေးမည် ထင်ပြီး အသာတကြည် နန်းတော်သို့ ဝင်ခဲ့လေ၏။

မင်းကြီးလည်း ရုတ်ချည်း မှူးမတ် ဗိုလ်ပါ စစ်သူအင်အား အလုံးအရင်းနှင့် ငတင့်တယ်အား ဖမ်းချုပ်လေ၏။ ငတင့်တယ်လည်း အားကုန်ရုန်းဆောင့်၏။ ထိုး၏ သတ်၏။ ခြေဖြင့်နင်း၏။ လက်သီးဖြင့် ထု၏။ ကိုယ်လုံးဖြင့်တိုက်၏။ ငတင့်တယ်၏ နှမအား သတ်မည် ပြုရန် တကောင်းဘုရင်သည် ခြိမ်းခြောက်၏။

ငတင့်တယ်လည်း နှမဖြစ်သူအား မသတ်ပါနှင့်၊ မိမိ အဖမ်းခံပါ့မည် ဆိုသော ကြောင့် တကောင်းဘုရင်သည် ငတင့်တယ်အား စကားပင်တွင် ချည်နှောင်စေပြီး ထင်းမီးသွေးများ ဖြင့် ပြင်းထန်စွာ မီးတိုက် သတ်လေတော့၏။

ငတင့်တယ်၏ နှမ သည် မောင်ဖြစ်သူ အရှင်လတ်လတ် မီးရှို့ သတ်ခံရသည်ဖြစ်ရာ ငတင့်တယ် မီးလောင်နေသော နေရာသို့ ချက်ချင်းပြေးကာ မီးထဲ ခုန်ချ လိုက်လေတော့၏။

တကောင်းဘုရင်လည်း အလျင်အမြန်လိုက်ြ့ပီး မိဖုရား၏ ဆံထုံးကို ဆွဲလိုက်သော်လည်း ကိုယ်လုံးသည် မီးလောင်ကျွမ်းပြာကျသွားချေပြီး ခေါင်းနဲ့ မျက်နှာသာ ရလိုက်လေတော့၏။

ထို ငတင့်တယ်တို့ မောင်နှမ သေပြီးသောအခါတွင် မကျွတ်မည်ဘဲ နတ်ဖြစ်နေ၏။ လူသူ ကျွဲနွားတို့ ထိုစကားပင်သို့ဝင်သောအခါ သေကုန်၏။ ထို့ကြောင့် တကောင်းမင်းလည်း စကားပင်အား အမြစ်မှ တူးစေကာ ဧရာဝတီမြစ်ထဲသို့ မျှောလိုက်လေတော့၏။

ထို စကားပင်သည် ပုဂံ ပြည်သို့ ရောက်လေ၏။ အနော်ရထာမင်းကြီးကလည်း ပုဂံပြည်က ပြည်သူပြည်သားတွေအတွက် သူတို့၏အိမ်မှာ အိမ်တွင်းနတ် ဆိုပြီးတော့ နတ်မောင်နှမ ရုပ်တု ထုလုပ်ကာ ပူဇော်စေခဲ့တယ်။

နောက်ပြီး  ပုပ္ပါး တောင်တွင် နတ်ရုပ်ထုလုပ်စေခဲ့ပြီး ပူဇော်ပွဲတွေနဲ့  နတ်ပွဲတော်တွေ ပြုလုပ်ခဲ့ကြတယ်။။ မှူး မတ် မင်း တို့လည်း တစ်နှစ်တစ်ခါ ပူဇော် ပသကြလေသည်။ ထိုအချိန်က ဗုဒ်/ဓ ဘာသာသည် ပုဂံပြည်သို့ မရောက်သေးချ။

ထို ငတင့်တယ် (မင်းမဟာဂီရိနတ်) သည် နှောင်းအခါ မြန်မာလူမျိုးတို့အယူတွင် အိမ်တွင်းနတ်ဟု ဖြစ်လာသည်။ နတ်ကိုးကွယ်သော အိမ်တိုင်း၏ ထောင့်တွင် နတ်စင် လေးပြုလုပ်ကာ အခန်းစည်းအနီလေးဖြင့် ဆောက်လုပ်ပူဇော်သည့် ဓလေ့ဖြစ်လာသည်။

ထိုနတ်သည် မီးရောင် မကြိုက်သည်ဖြစ်ရာ ညအခါ မီးထွန်းသောအချိန်တွင် အခန်းစည်း အနီလေးဖြင့် ကာပေးထားကြပြီး နေ့အခါကျမှသာ ပြန်လည်ဖွင့်ပေးကြလေ၏။


#DoeGyi

ကိုးကား၊ ဦးကုလား ရာဇ၀င် စာမျက်နှာ ၁၄၀

Comments