အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးကို ဘယ်လို ဖယ်ရှားရမလဲ?

အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးကို ဘယ်လို ဖယ်ရှားရမလဲ?

+++++++++++++++++++++++++++++++++++++++



တစ်ခုခုလုပ်ဖို ့အချိန်ပိုယူလိုက်ရင် လုပ်စရာအလုပ်တွေတိုးလာမှာပဲ လို ့Parkinson’s Law က ဆိုပါတယ်။

အချိန်ပိုယူလေလေ အလုပ်တွေပိုလာလေလေ အချိန်ထပ်ဆွဲလေလေ အလုပ်တွေပုံလေလေပါပဲ။

အချိန်ဆွဲတတ်တဲ့အကျင့်ကို ကိုင်တွယ်ဖို ့နည်းလမ်း (၆)ခုကို ဖော်ပြပေးလိုက်ပါတယ်။



(၁)

ပထမဆုံး Batching ဆိုတဲ့စကားလုံးလေးနဲ ့မိတ်ဆက်ပေးချင်တယ်…

အုပ်စုဖွဲ့ခြင်း၊ အစီအစဉ်ရေးဆွဲခြင်းလို ့ဖွင့်ဆိုနိုင်ပါတယ်။

ဥပမာ… ကျွန်တော်က စာရေးမယ်ဆိုပါစို ့.. ရေးပြီးရင် ပန်းခြံထဲမှာ လမ်းသွားလျှောက်မယ်… နေ ့လည်စာစားမယ် ဆိုပြီး အစီအစဉ်တကျ လုပ်မယ်….



နောက်..ညနေပိုင်းမှာ အ၀တ်အစားတွေကို လျှော်ဖွပ်မယ်….သီချင်းနားထောင်ရင်း ခြောက်သွားတဲ့အ၀တ်တွေကို မီးပူတိုက်မယ်… အဲ့သလို ကြိုကြိုတင်တင် ပြင်ဆင်ပြီး တဆက်တည်းလုပ်မယ်ဆိုရင် အချိန်ဆွဲတတ်တဲ့အကျင့်လည်း ပျောက်သွားမယ်။ အလုပ်တွေလည်း များများပြီးမြောက်စေပါတယ်။



(၂)

တစ်ခုခု လုပ်တော့မယ်ဆိုရင် ယနေ ့မှာ စတင်လိုက်ရင် နောက်သုံးလအကြာ ဘယ်လောက်ထိ ပေါက်မြောက်သွားမလဲလို ့စိတ်ကူးကြည့်လိုက်ပါ။

ယနေ ့မှာ တရုတ်ဘာသာစကားလေ့လာလိုက်ရင် နောက်သုံနှစ်မှာ ဘယ်လောက်ထိရောက်သွားမလဲ?

ယနေ ့မှာ အချက်အပြုတ်ပညာရပ်ကို စနစ်တကျလေ့လာမယ်ဆိုရင် နောက်ဆယ်နှစ်အကြာ ဘယ်လောက်ကျွမ်းကျင်သွားမလဲ? စိတ်ကူးကြည့်လိုက်ပါ။

စိတ်ခွန်အားများစွာဖြစ်စေပါတယ်။

ဒါ့ကြောင့် နောက်အပတ်ရွှေ့မယ်…နောက်တစ်လရွှေ့မယ်…မလုပ်ပါနဲ ့။

မသေချာပါဘူး။ ဒါ့ကြောင့် ယခုရောက်နေတဲ့နေရာ…ယခုအချိန်မှာပဲ လုပ်စရာတွေကို အမြန်ဆုံးစတင်လိုက်ပါ။



(၃)

မကြာခဏဆိုသလို လက်တွေ ့မကျတဲ့ စိတ်သဘောထားကြောင့်လည်း အချိန်ဆွဲတဲ့အလေ့အကျင့်ဖြစ်လာစေပါတယ်။

Multitasking ဆိုတာကတော့ လုပ်စရာတွေအားလုံးတပြိုင်ထဲ ပြီးချင်တဲ့စိတ်ပါ။

အဲဒီစိတ်ကို ဖယ်ရှားဖို ့လိုပါမယ်။

ဘယ်အရာပဲဖြစ်ဖြစ် အစိတ်အပိုင်းလေးတွေခွဲပြီး တစ်ခုချင်းလုပ်သွားရင် တင်းခံစိတ်မဖြစ်တော့ဘဲ ပြီးမြောက်စေပါတယ်။ အဲ့သလိုလုပ်တာကိုတော့ Chunking လို ့ခေါ်ပါတယ်။



ကိုယ့်ဘ၀ကို အသေးစိပ်လေ့လာပါ။ သုံးသပ်ဆင်ခြင်ကြည့်ပါ။

 ကိုယ့်အကြောင်းကို သိအောင်လုပ်ပါ။

အစစအရာရာ ပိုပြီး လွယ်ကူလာပါလိမ့်မယ်။



(၄)

အတွေးအိမ်ထဲမှာ မနေပါနဲ ့။ လက်တွေ ့လုပ်ဆောင်ပါ။

အတွေးရဲ့သဘောဟာ ဆွဲငင်တတ်ပါတယ်။

မကောင်းတဲ့အတွေးတွေ တွေးနေရင် အတွေးက မဆုံးတော့ဘဲ ပိုပြီး စိတ်ညစ်ရပါတယ်။

အချိန်ပိုဆွဲချင်တယ်…တွေးပဲတွေးပြီး စမလုပ်ရင် ကြာလေဆိုးလေပါပဲ။

တွေးဖို ့၂၀%အချိန်ယူပြီ်း လုပ်ဖို ့၈၀% အချိန်ယူမယ်ဆိုရင် အလုပ်တွေ အမှန်တကယ်ပြီးမြောက်စေလိမ့်မယ်။



(၅)

သင့်မှာအချိန်ပိုတွေရှိသေးတယ်လို ့မတွေးပါနဲ ့…

အခြေအနေ..အချိန်အခါဆိုတာ မတူနိုင်ပါဘူး…

အရာအားလုံးပြောင်းလဲနေပါတယ်..

လူတွေဟာလည်းပြောင်းလဲနေပါတယ်….

အခွင့်အလမ်းတွေကို ဖမ်းဆုပ်ပါ။ ဆုံးရှုံးမှာမကြောက်ပါနဲ ့….

အိပ်မက်တွေကို အကောင်အထည်ဖော်ပါ….

လူကောင်းလူတော်တွေနဲ ့၀န်းရံပါ…

ဆွဲချနေတဲ့သူတွေ…ကိုယ့်ရဲ့တိုးတက်မှုကို မလိုလားတဲ့သူတွေကို စွန် ့ခွာပါ….

နောက်ကျမှ နောင်တရတာမျိုးမဖြစ်ရအောင် လက်တွေ့အကောင်အထည်ဖော်ပါ။

ကိုယ့်ကိုတွန်းအားဖြစ်စေမယ့် လူတွေနဲ ့အတူ အချိန်ကုန်ဆုံးပါစေ….



(၆)

ပန်းတိုင်ကို မြန်မြန်ရောက်ဖို ့ထက် ခရီးစဉ်တလျှောက် ပျော်ပျော်ရွှင်ရွှင်လေ့လာသင်ယူဖို ့အာရုံစိုက်ပါ။

လူအများစုဟာ ဖြစ်ချင်တာတွေ မြန်မြန်ဖြစ်ချင်လွန်းလို ့လေ့လာသင်ယူဖို ့အချိန်မပေးကြပါဘူး။ အဲ့သလိုလူတွေဟာ ဖြစ်ချင်တာတွေဖြစ်လာရင်တောင် သူတို ့မျှော်လင့်သလို မပျော်ရွှင်နိုင်ဘူး။

ဒါ့ကြောင့် ဖြစ်ချင်တာတွေဖြစ်အောင်လုပ်ရင်း ဖြစ်နေတာတွေက သင်ယူပါ။

ပျော်ရွှင်မှုကိုသာ ရွေးချယ်ပါ။



စာဖတ်သူတွေလည်း အချိန်ဆွဲတတ်တဲ့အကျင့်ကို ဖယ်ရှားနိုင်ပါစေ…



မေတ္တာဖြင့်

ဆြာသိန်း

Ref _ How to stop procrastination by Infinite Waters







Comments