နားမကြားတဲ့ ဖားး…
နားမကြားတဲ့ဖား ပုံပြင် ဖားအုပ်စု တစ်စုဟာ ခရီးတစ်ခုကို အုပ်စုဖွဲ့ပြီး သွားလာနေကြတယ်.. ဒီလိုသွားလာကြရင်းနဲ့ပဲ အုပ်စု ထဲက ဖားနှစ်ကောင်ဟာ ကံဆိုးစွာနဲ့ပဲ တွင်းနက်ကြီး တစ်ခုထဲကို ပြုတ်ကျသွားခဲ့တယ်..။ အခြားဖားတွေဟာ တွင်းနက်ကြီးဘေးကို စုရုံးလာကြတယ်..။ တွင်းဟာ အတော်ကို နက်ပြီး တွင်းထဲက ဖားနှစ်ကောင်ကို ကယ်ဖို့ နည်းလမ်းမမြင်တာကြောင့် သူတို့တွေဟာ ဖားနှစ်ကောင်ကို ဒီတွင်းထဲမှာပဲ စိတ်လျော့ပြီး သေဖို့ပြင်ဆင်ထားကြတော့ဆိုပြီး ပြောကြတယ်..။ တွင်းထဲကျနေတဲ့ ဖားနှစ်ကောင်ကတော့ သူတို့စကားတွေကို လျစ်လျူရှုပြီး အသက်ရှင်ဖို့အတွက် တွင်းထိပ်၀ကို ရှိသမျှ အားတွေ ထုတ်ပြီး ခုန်ကြတယ်..။ အပေါ်ကဖားတွေကတော့ မဖြစ်နိုင်ကြောင်းနဲ့ စိတ်လျော့ပြီး အေးအေးဆေးဆေး သေဖို့ ပြင်ဆင်ထားသင့်ကြောင်းပဲ ပြောဆိုနေကြတယ်..။ နောက်ဆုံးတော့ ဖားတစ်ကောင်ဟာ အပေါ်ကဖားတွေရဲ့ စကားကို လက်ခံလိုက်ပြီး လက်လျော့လိုက်တယ်..။ မောပန်းမှုတွေ စိတ်အားငယ်မှုတွေကြောင့် အဲ့ဒီဖားဟာ ခဏအကြာမှာပဲ သေဆုံးသွားခဲ့တယ်..။ ကျန်တဲ့ဖားတစ်ကောင်ကတော့ ကြိုးစားမြဲပါပဲ..။ အပေါ်ကဖားတွေကတော့ မကြိုးစားတော့ဖို့နဲ့ အခြားတစ်ကောင်လို စိတ်လျော့လိုက်ဖို့ အော်ပြောနေကြတယ်..။ သူဟာ နောက်ဆုံးမှာတော့ အပြင်းထန်ဆုံးကြိုးစားမှုနဲ့ တွင်းပေါ်ကို တက်လာနိုင်ခဲ့တယ်..။ သူ အပြင် ရောက်တဲ့အခါမှာတော့ အခြား ဖားတွေက… "သေဘေးက လွတ်မြောက်လာတာ ဂုဏ်ယူပါတယ်.. မင်း..ငါတို့ ဆက်မကြိုးစားဖို့ ပြောခဲ့တာကို မကြားဘူးလား.." လို့ မေးတော့… "မင်းတို့ ငါ့ကို ကူညီပြီး ခုန်ဖို့ အားပေးကြတာကို ကျေးဇူးအရမ်းတင်ပါတယ်..။ ငါက နားမကြားရတဲ့သူ ဆိုတော့ မင်းတို့တစ်ချိန်လုံး အပေါ်က ငါ့ကို အားပေးနေပုံကိုကြည့်ပြီး အားမလျော့ခဲ့တာပါ…
________သင်ခန်းစာ________
စကားတစ်ခွန်းဟာ လူတစ်ဦးအပေါ် သက်ရောက်မှု အများကြီးရှိပါတယ်..။ ဒါပေမယ့် ကိုယ့်အတွက် အကျိုးမရှိတဲ့စကားတွေကို အရေးတယူလုပ်ပြီး ခံစားနေမယ့်အစား ကိုယ်လုပ်စရာ ရှိတာ ကို အကောင်းဆုံး လုပ်ဆောင်သွားရင် သင့်အတွက် အောင်မြင်မှုက စောင့်ကြိုနေမှာပါ။
credit to original uploader

Comments
Post a Comment