ဘ၀မှာ မလုပ်သင့်တဲ့ အချက် (၂၀)
🌿🌿🌿🌿🌿🌿🌿🌿🌿🌿

၁။ မပျင်းပါနဲ့
🌹🌹🌹🌹
ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။
၂။ ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
ဘ၀ကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။ တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဘာကိုမှ မကျော်ပဲ တစ်မျက်နှာချင်း လှန်ဖတ်သွားရင် ဘ၀ရဲ့ရသကို ခံစားရမှာပါ။
၃။ တသမတ်တည်း မလျှောက်လှမ်းပါနဲ့
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ ကိုယ်ပိုင်စိတ်ကူး အိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတိ္တမွေးပါ။
၄။ အချိန်ကောင်းကို စောင့်မနေပါနဲ့
🌷🌷🌷🌷🌷🌷🌷🌷🌷🌷
အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန်ကောင်းကို စောင့်မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။ လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။
၅။ ဟန်မဆောင်ပါနဲ့
🌿🌿🌿🌿🌿🌿
လူတွေဘယ်လို ထင်မြင်ယူဆမလဲ ဆိုတာကို တွေးပူပြီး ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့။ ဒီလိုစိုးရိမ်နေမယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး။ ပတ်၀န်းကျင်က ပုံသွင်းတာကို လက်မခံပါနဲ့။ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ရပ်တည်ပါ။
၆။ ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့
🍂🍂🍂🍂🍂🍂🍂🍂🍂🍂
တစ်ခါတရံမှ ကျင့်၀တ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ်။ ဒါက လူသားတွေရဲ့ သဘာ၀ပါ။
၇။ အရာအားလုံးကို မတတ်သာလို့ လုပ်နေရတာမျိုး မဖြစ်ပါစေနဲ့
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
ဘ၀ဆိုတာ ရတောင့်ရခဲ အခွင့်ထူးတစ်ခုပါ။ ဘ၀အတွက်လုပ်ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ်ဆိုရင် ပျော်ရွှင်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။
၈။ အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
မိုင်ထောင်ချီေ၀းတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။
၉။ အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ဘ၀မှာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ်။ အတိတ်ကအမှားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ။
၁၀။ ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့
🍃🍃🍃🍃🍃🍃🍃🍃🍃🍃
အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ်။ တွေးပူမနေပါနဲ။
၁၁။ အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်စောင့်ရတာကို သိထားပါ။ အကောင်းဆုံးပဲလုပ်ပါ။ ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါ။ ကျန်တာအားလုံးကို မေ့ထားပါ။
၁၂။ ဘာကိုမှ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ဘ၀က ပြောင်းလဲနေပါတယ်။ ဘယ်အရာမှမတည်မြဲဘူးဆိုတာ အမှတ်ရပါ။
၁၃။ လက်ရှိပျော်ရွှင်မှုကို လစ်လျူမရှုပါနဲ့
🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄
အခုရှိနေတာကိုမှ အသိအမှတ်မပြုရင် လမ်းဆုံးရင်လည်း ရွာတွေ့မှာ မဟုတ်ပါဘူး။ အနာဂတ်ကို အများကြီး မျှော်လင့်ပြီး လက်ရှိဘ၀ကို အလဟဿမဖြစ်ပါစေနဲ့။
၁၄။ အယူချည်းပဲ မဖြစ်ပါစေနဲ့
🍁🍁🍁🍁🍁🍁🍁🍁🍁
ငွေကြေးဥစ္စာပစ္စည်း အရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ေ၀မျှပါ။ မရှိဘူးဆိုရင် နှလုံးသားကို ေ၀မျှပါ။ ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ။
၁၅။ တစ်စုံတစ်ယောက်က ကိုယ်စားလုပ်ပေးတာကို စောင့်မနေပါနဲ့
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။ ပြောစရာရှိတာပြောပါ။ လုပ်စရာရှိတာလုပ်ပါ။ အတွေးနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။
၁၆။ အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
အမှန်တရားဆီကို လမ်းကြောင်းတွေအများကြီးရှိပါတယ်။ တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက် အရှုံးပေးလိုက်တာက နှလုံးအေးပါတယ်။
၁၇။ မသိသေးပဲ အကဲမဖြတ်ပါနဲ့
🍃🍃🍃🍃🍃🍃🍃🍃🍃
အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာကို လျှော့ပါ။ ပိုချစ်ခင်တတ်အောင် ကြိုးစားပါ။
၁၈။ အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့
🍄🍄🍄🍄🍄🍄🍄🍄🍄🍄
တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့လိုက်ချင်ရင် မမုန်းလိုက်မိပါစေနဲ့။ မုန်းမိတဲ့အရာဟာ နှလုံးသားကို အခိျန်တိုင်းထိုးဆွနေတတ်ပါတယ်။ မမုန်းပါနဲ့။ ခွင့်လွှတ်လိုက်ပါ။
၁၉။ အချစ်ကိစ္စတွေမှာ အဓိပ္ပါယ်မဲ့တာတွေ သိပ်မတွေးပါနဲ့
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲလက်ခံပေးတာကို အားလုံးက လိုချင်ကြပါတယ်။ ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ။ အများကြီးမစဉ်းစားပါနဲ့။ ပျော်ရွှင်မှုချင်း ထပ်တူကျရင် အချစ်စစ်ပါပဲ။
၂၀။ အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
အမြဲတမ်းဆက်သွယ်နေပါ။ သူတို့အတွက် တိုက်ခိုက်ပါ။ သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။ အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘ၀နဲ့ ယုံကြည်မှုကို တွဲကပ်ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်။
Crd___Thi Ha🇲🇲
Crd_Han Linn Aung🇲🇲

Comments
Post a Comment