ရေသန့်အင်ဂျင်နီယာ၏ အခြေခံမှတ်စု (၁၀၀)

ရေသန့်အင်ဂျင်နီယာ၏ အခြေခံမှတ်စု (၁၀၀)

Credit to Original Uploader***

A. INTERNAL SANITARY FIXTURES INSTALLATION SYSTEM

၁။ အိမ်သာအိုး ( Water Closet )အတွက် အနည်းဆုံး လိုအပ်သော ဧရိယာမှာ 90cm × 120 cm ဖြစ်သည်။

၂။ လက်ဆေးခွက် (Wash Basin)အတွက် အနည်းဆုံး လိုအပ်သည့် ဧရိယာမှာ 90cm ×95cm ဖြစ်သည်။

၃။ ရေချိုးရေပန်း (Shower) တစ်လုံးအတွက် အနည်းဆုံးလိုအပ်သော ဧရိယာမှာ 90cm ×130 cm ဖြစ်သည်။

၄။ ရေချိုးကန် (Bath Tub) တစ်လုံးအတွက် အနည်းဆုံးလိုအပ်သော ဧရိယာမှာ 85cm ×185 cm ဖြစ်သည်။

၅။ ဆီးသွားခွက် (Urinal) တစ်လုံးအတွက် အနည်းဆုံးလိုအပ်သော ဧရိယာမှာ 70cm ×95 cm ဖြစ်သည်။

၆။ လက်ဆေးခွက် (Wash Basin) ၏နှုတ်ခမ်းသည် ကြမ်းပြင်မှ အမြင့်( 76cm မှ 80 cm) အတွင်း ရှိရပါမည်။

၇။ ရေချိုးရေပန်း (Shower) အားကြမ်းပြင်မှ အမြင့်( 190 cm) တွင်တပ်ဆင်ရပါမည်။

၈။ ရေချိုးကန် (Bath Tub) ၏အပေါ်နှုတ်ခမ်းသည် ကြမ်းပြင်မှ အမြင့်( 45cm မှ 54 cm) အတွင်း ရှိရပါမည်။

၉။ ဆီးသွားခွက် (Urinal) ၏အောက်နှုတ်ခမ်းသည် ကြမ်းပြင်မှ အမြင့်( 60 cm ) တွင် တပ်ဆင်ရပါမည်။

၁၀။ အရှေ့တိုင်းသုံးအိမ်သာ (I.W.C Pan)၏ ကြမ်းခင်းသည် အိမ်သာအိုး (Pan)သို့ 2% Slope ဖြင့် ပြုလုပ်ထားပေးရမည်။

၁၁။ အိမ်သာရေဆွဲအိုး (Flush Cistern) သို့ ရေဖြည့် ကြာမြင့် ချိန်သည် ၂ မိနစ်ထက် အပိုစေရ။

၁၂။ ရေချိုးခန်းအပါအ၀င် သန့်စင်ခန်း (Bath & WC) တို့၏ ကြမ်းခင်းတွင် ရေဆင်းပေါက် (Floor Drain)အား (50 mm မှ 100mm) အချင်း တပ်ဆင်ရမည်။

၁၃။ ရေချိုးခန်းအပါအ၀င် သန့်စင်ခန်း ကြမ်းခင်း (Bath & WC Floor)အား ရေဆင်းပေါက် (Floor Drain) သို့ 2% Slope ဖြင့် ပြုလုပ်ထားပေးရမည်။

၁၄။ ရေချိုးရေပန်း (Shower) တစ်ခုတွင် လူတစ်ဦးသုံးစွဲနိုင်ရန် ရေအေး ပမာဏမှာ (၃၀ လီတာမှ ၄၀ လီတာ)ဖြစ်သည်။

၁၅။ ရေချိုးရေပန်း (Shower) တစ်ခုတွင် လူတစ်ဦးသုံးစွဲနိုင်ရန် ရေပူ ပမာဏမှာ (၂၀ လီတာမှ ၃၀လီတာ)ဖြစ်သည်။

၁၆။ သန့်စင်ခန်းတစ်ခု၏ လေ၀င်လေထွက်ပေါက် (Ventilation)သည် ၄င်းသန့်စင်ခန်း ကြမ်းခင်း ဧရိယာ၏ အနည်းဆုံး 1/20 ဧရိယာရှိရပါမည်။

၁၇။ သန့်စင်ခန်းအတွင်း ကြည့်မှန် (Glass Mirror) အား ကြမ်းခင်းမှ အမြင့် 120 cm တွင် တပ်ဆင်ရပါမည်။

၁၈။ သန့်စင်ခန်း၏ တံခါးအား အတွင်းသို့ ဖွင့်သည့် အနေအထား (Door Swings into Toilet)ဖြင့် တပ်ဆင်ရပါမည်။

၁၉။ လက်ကိုင်တန်း(Hand Raila)နှင့် ဆပ်ပြာခွက် (Soap Holder) အား ကြမ်းခင်းအထက် (150 cm) အမြင့် တွင် တပ်ဆင်ရပါမည်။

၂၀။ မျက်နှာသုတ်ပုဝါတန်း (Towel Rail) အား ကြမ်းခင်းအထက် (130 cm) အမြင့် တွင် တပ်ဆင်ရပါအမည်။

၂၁။ သန့်စင်ခန်းသုံး ပစ္စည်းများ (Sanitary Fixtures) တပ်ဆင်ရာတွင် တစ်ခုနှင့် တစ်ခု ဘေးဘက်အကွာအဝေး (10 cm to 25 cm) ရှိရပါမည်။

၂၂။ သန့်စင်ခန်းသုံးပစ္စည်းများ (Sanitary Fixtures) ၏ အရှေ့ဘက် (Infront of any Sanitary Fixture) နေရာ (Open Space) သည် အနည်းဆုံး 60 cm ရှိရပါမည်။

B. SOIL, SULLAGE AND SEWERAGE DISPISAL SYSTEM

၂၃။ အိမ်သာအိုး (Water Closet) မှ အထွက်ပိုက်သည် အနည်းဆုံး 100 mm Ø ရှိရမည်။

၂၄။ Bath Tub, Bidet, Basin နှင့် Sink တို့မှ အထွက်ပိုက်သည် အနည်းဆုံး 40 mm Ø ရှိရမည်။

၂၅။ Urinal မှ အထွက်ပိုက်သည် အနည်းဆုံး 50 mm Ø ရှိရမည်။

၂၆။ 100 mm Ø အထွက်ပိုက်သည် (Discharge Pipe )အတွက် အနည်းဆုံး 1.65 % ရှိရမည်။

၂၇။ 40 mm Ø အထွက်ပိုက် (Discharge Pipe)အတွက် အနည်းဆုံး 2.5% Slope ရှိရမည်။

၂၈။ 50 mm Ø အထွက်ပိုက် (Discharge Pipe)အတွက် အနည်းဆုံး 2.5% Slope ရှိရမည်။

၂၉။ အနံ့ထုတ်ပိုက် (Ventilating Pipe)၏ ထိပ်ဖျားအ၀သည် အမိုး(Roof) အထက် အနည်းဆုံး 50 cm အမြင့်တွင် ရှိရမည်။

၃၀။ အနံ့ထုတ်ပိုက် (Ventilating Pipe) ၏ ထိပ်ဖျားအ၀သည် အဆောက်အဦ နံရံရှိလေ၀င်ပေါက် (ဥပမာ-တံခါး၊ ပြတင်းများ)မှ အလျားလိုက်အကွာအဝေး အနည်းဆုံး 3မီတာ ရှိရပါမည်။

၃၁။ တစ်ရက်လျှင်သုံးစွဲသော ရေပမာဏ၏ ၈၀% သည် (Waste Water ) အဖြစ် (Sewer Line)သို့ ၀င်ရောက်သည်ဟု တွက်ချက်သည်။

၃၂။ ပြင်ပမိလ္လာ (ရေဆိုး)လိုင်း External Sewer Line အား အနည်းဆုံး 150 mm Ø ထားရပါမည်။

၃၃။ Sewer Line ၏ Slope အား Self-Clenaing Velocity = 0.6 m/sec အနည်းဆုံး ရအောင်ထားရပါမည်။

၃၄။ Sewer Line ၏ Slope အားရွေးချယ်သည့်အခါ Velocity သည် 1.2 m/sec ထက်မများရပါ။

၃၅။ Sewer Line အဖြောင့် (Straight run) ပေါ်တွင် လူ၀င်ကန် (Manhole)များ အား 30 m မှ 40 m အကွာအဝေး တွင် တစ်လုံးစီထားရှိရပါမည်။

၃၆။ Sewer Line ၏လားရာ (Direction) ပြောင်းလဲသည့်အခါတိုင်း အရွယ်အစား (Size) ပြောင်းလဲသည့်အခါ တိုင်း ၊ အနိမ့်အမြင့် ပြောင်းလဲသည့်အခါတိုင်း Manhole ထားရပါမည်။

၃၇။ Inspection Chambers 400 mm × 400 mm Size အတွက် အနက်သည် 60 cm ထက်မပိုရ။

၃၈။ Manholes 600 mm × 600 mm Size အတွက် အနက်သည် 1 m ထက်မပိုရ။

၃၉။ Manholes 900 mm × 600 mm သို့မဟုတ် 100mm Ø အတွက် အနက်သည် 1.75 m ထက်မပိုရ။

၄၀။ Manholes 1200 mm × 750 mm သို့မဟုတ် 1200mm Ø အတွက် အနက်သည် 2.5 m ထက်မပိုရ။

၄၁။ အနက် 2.5 m ထက်ပိုသော Manhole များအတွက် အနည်းဆုံးအရွယ်အစားမှာ 1400 mm × 900 mm သို့မဟုတ် 1400mm Ø ဖြစ်ရပါမည်။

C. WATER SUPPLY SYSTEM

၄၂။ ယေဘုယျအားဖြင့် တစ်ထပ်အဆောက်အဦအတွက် ရေဖိအားအမြင့် လိုအပ်ချက် (Head Required )မှာ 7 m ဖြစ်ပြီး နှစ်ထပ်အဆောက်အဦ အတွက် အမြင့်လိုအပ်ချက်မှာ 12m ဖြစ်ပါသည်။

၄၃။ များသောအားဖြင့် မြေပြင်ရေလှောင်ကန် (Ground Tank) အား ၂ ရက် သို့အဟုတ် ၃ ရက်စာ အသုံးပြုမည့် ရေပမာဏ သိုလှောင်နိုင်ရန် ဆောက်လုပ်ကြသည်။ အငယ်ဆုံး အရွယ်အစားအနေဖြင့် တစ်ရက်စာ သုံးစွဲရန် လုံလောက်သော ရေပမာဏဖြင့် သိုလှောင်ရပါမည်။

၄၄။ အမြင့်ရေလှောင်ကန် (Elevatd Roof Tank of Overhead Tank) များအား လူနေအိမ်သုံးအတွက် နေ့တစ်၀က် (1/2 day)စာ သုံးစွဲနိုင်ရန် လုံလောက်သောပမာဏဖြင့် သိုလှောင်ရန် ပြုလုပ်ရပါမည်။

၄၅။ အမြင့် ရေလှောင်ကန် (Elevated Roof of Overhead Tank)များအား အများပြည်သူသုံး အဆောက်အဦများ (ဥပမာ-ဆေးရုံ၊ ဟိုတယ်၊ စသည်) အတွက် တစ်ရက်စာ (One day Storage) သုံးစွဲရန် လုံလောက်သော ပမာဏဖြင့် သိုလှောင်ကန်ပြုလုပ်ရပါမည်။

၄၆။ Water Closet (or) Wash Basin တစ်လုံးအတွက် ရေသုံးစွဲမှု ပမာဏအား တစ်ရက်လျှင် 180 Litres နှုန်းဇြင့် တွက်ချက်ပါသည်။

၄၇။ Shower (or) Urinal (or) Sink တစ်လုံးအတွက် ရေသုံးစွဲမှု ပမာဏအား တစ်ရက်လျှင် 200 Litres နှုန်းဖြင့် တွက်ချက်ပါသည်။

၄၈။ Bath Tub (or) Sink  တစ်လုံးစီသို့ ရေဝေပိုက်အား 20 mm သုံးစွဲနိုင်သည်။

၄၉။ Shower (or) Wash Basin (or) Water Closet တစ်လုံးစီသို့ ရေဝေပိုက်အား 15 mm သုံးစွဲနိုင်ပါသည်။

၅၀။ Overhead Tank သို့ရေဖြည့်ရန် ကြာမြင့်ချိန် (Filling Time) သည် သိုလှောင်အချိန် (Storage Time)၏ ¼ ဖြစ်ရမည်။

၅၁။ Overhead Tank သို့ရေတင်သော ပိုက်လိုင် (Pumping Main)အတွင်း ရေစီးနှုန်း (Velocity) အား အနည်းဆုံး 1.5 m/sec မှ အများဆုံး 3 m/sec အထိရှိစေရမည်။

D. SEPTIC TANK & SOAK PIT

၅၂။ Soak Pit (မိလ္လာရေစိမ့်ကန်) သည် သောက်သံးရေ အရင်းအမြစ် (Water Source) နေရာ နှင့် အနည်းဆုံး 20 m ကွာဝေးရပါမည်။

၅၃။ Soak Pit (မိလ္လာရေစိမ့်ကန်) ၏ အောက်ခြေ (Bottom) သည် မြေအောက်ရေမျက်နှာပြင် (Ground Water Table)၏ အထက် အနည်းဆုံး 1 m အကွာတွင် ရှိရပါမည်။

၅၄။ မိလ္လာကန် မှ အနယ်အနှစ် ခပ်ထုတ်ခြင်း (De-sluding of septic tank) အား အများအားဇြင့် တစ်နှစ်လျှင် တစ်ကြိမ် ပြုလုပ် ပေးရပါမည်။

၅၅။ Septic Tank ၏ အလျား နှင့် အနံ အချိုးမှာ 2:1  အဖြစ် ထားရပါမည်။

၅၆။ အလျား 4 m ထက် ငယ်သော Septic Tank များအား Single Chamber Septic Tank (တစ်ကန်တည်းပါသော မိလ္လာကန်) အဖြစ် အသုံးပြုလေ့ရှိပါသည်။

၅၇။ အလျား 4 m ထက် ကြီးသော Septic Tank များအား Double Chamber (၂ ကန်ပါသော) Septic Tank အဖြစ် အသုံးပြုလေ့ရှိသည်။

၅၈။ Double Chamber Septic Tank တွင် ပထမတန်း (Inlet Chamber) သည် စုစုပေါင်းအလျား၏ (2/3 length) ရှိရမည်ဖြစ်သည်။ ဒုတိယကန်သည် အလျား၏ 1/3 length ရှိရမည် ဖြစ်သည်။

၅၉။ Septic Tank ၏ အနက်သည် အများဆုံး 2 m သာရှိရပါမည်။

၆၀။ Septic Tank အ၀င် နံရံမှ 1/5 Length အကွာတွင် မိလ္လာမျက်နှင်ပြင် (liquid level) အောက် 30 cm ရှိနံရံ အတား (Baffle Wall) တစ်ခုပြုလုပ်ပေးရမည်။ ၄င်းသည် အနည်ထိုင်ရန် နေရာ (Sedimentation Zone) ဖြစ်သည်။

၆၁။ မိလ္လာရည်မျက်နှာပြင် Liquid Level) နှင့် Septic Tank အမိုး (Cover Slab) ၏ အကွာအဝေး (Free Board) မှာ အနည်းဆုံး 30 cm ရှိရမည်။

၆၂။ အ၀င်တီ (Inlet Dip tee) သည် အနည်းဆုံး 100 mm Ø ဖြစ်ပြီး Liquid Level အထက် 8 m မှ ၀င်၍ Liquid Level အောက် 30 cm မြှုပ်နေရပါမည်။

၆၃။ ပထမ Inlet Chamber မှ ဒုတိယ Chamber သို့ ရေကူးပိုက်သည် Liquid Level အောက် 30 cm တွင် ရှိရမည်ဖြစ်ပြီး၊ Baffle Wall သည် Liquid Level အထက် 20 cm အမြင့် ရှိရပါမည်။ ရေကူးပိုက်၏ အရွယ်အစားမှာ အနည်းဆုံး 100 mm ရှိရပါမည်။

၆၄။ ဒုတိယ Chamber မှ Soak Pit သို့ အထွက် တီ (Out Let Dip tee) သည် အနည်းဆုံး 100 mm Size ရှိ၍ Liquid Level နှင့် အညီတွင် ထွက်ပြီး၊ Dip Tee ၏ အောက်ဖက် အ၀သည် Liquid Level အောက် 40 cm တွင် ရှိရပါမည်။

၆၅။ Vent Pipe (အနံ့ထုတ်ပိုက်) သည် အနည်းဆုံး 50 mm ရှိ၍ အမြင့်မှာ Cover အထက် အနည်းဆုံး 2.5 m ရှိရပါမည်။

၆၆။ Soak Pit အတွက် အသုံးပြုမည့် မြေနေရာ၏ ရေစိမ့်၀င်နှုန်း (Percolation Rate) အား စမ်းသပ်၍ Soak Pit အတွင်း ၀င်ရောက်မည့် ရေဆိုးပမာဏအား တွက်ချက်၍ လိုအပ်သောမျက်နှာပြင်ဧရိယာအား အောက်ပါပုံသေနည်းဖြင့် တွက်ချက်ရပါသည်-

 လိုအပ်သောမျက်နှာပြင် ဧရိယာ = တစ်ရက်၀င်မည့်ရေဆိုးပမာဏ(Lit/day)

 တစ်ရက်စိမ့်၀င်နှုန်း (Lit/m2/day)

၆၇။ Soak Pit ၏ အောက်ခြေဧရိယာ (Bottom Area) အား ထည့်သွင်းစဉ်းစားရန် မလိုပါ။

E. FIRE FIGHTING SYTEM

(A) Hose Reel

၆၈။ ပိုက်ပျော့ခွေ (Hose Reel) ဖြင့် မီးငြိမ်းသတ်ခြင်း စံနစ်သည် ကနဦး မီးဘေးအန္တရာယ် ကာကွယ်ခြင်း (1st Aid for Extinguishing Fire) သာဖြစ်သည်။

၆၉။ Hose Reel တစ်ခွေ၏ အလျားမှာ 18 m မှ 25 m အထိရှိသည်။

၇၀။ Hose Reel အရွယ်အစားမှာ 20 mm Ø သို့မဟုတ် 25 mm Ø ဖြစ်သည်။

၇၁။ Hose Reel ထိပ်တွင် တပ်ဆင်မည့် Nozzle သည် 8 mm Ø မှ 13 mm Ø ဖြစ်သည်။

၇၂။  Hose Reel တစ်ခွေသည် ကြမ်းခင်းဧရိယာ 800 m2 အတွက် လုံလောက်သည်။

၇၃။ Nozzle မှ အထွက် ရေပမာဏမှာ 0.5 Lit/sec ထက်မနည်းရပါ။

၇၄။ Nozzle မှ အထွက် ရေဖိအား( Pressure) မှာ 200 Kpa (100 Kpa=14.7 lb/in2) လိုအပ်ပါသည်။၄င်း ဖိအား ပမာဏကြောင့် Nozzle မှာ ထွက်သော ရေသည် ဒေါင်လိုက်အမြင့် (Vertical Height) 5 m တက်ပြီး၊ အလျားလိုက် အကွာအဝေး (Horizontal diatance) 8 m ထွက်ပါသည်။

၇၅။ Hose Reel သို့ပေးပို့သော ပင်မရေဝေပိုက်လိုင်း (Supply Main) သည် 40 mm Ø ထက်မငယ်ပါ။ အများအားဖြင့် 15 m အမြင့် အဆောက်အဦးအတွက် 50 mm Ø ပိုက်သုံး၍ 15 m အထက်မြင့်သော အဆောက်အဦ အတွက် 65 mm Ø ပိုက်သုံးပါသည်။

၇၆။ မီးသတ်ရေလှောင်ကန် (Fire Ground Tank) ၏ ရေလှောင်ပမာဏ (Capacity) မှာ Hose Reel ၂ ခု တစ်ပြိုင်တည်း ၂ နာရီကြာ အသုံးပြုနိုင်မည့် ပမာဏဖြစ်ရမည်။

 2 Nos. × 0.5  Lit/sec× 60 min ×60 hour× 2 Hours = 7.2 m3  ~

 1000

Say 10 m3  Storage Tank For fire Fighting

(B) Fire Hydrant

၇၇။ အဆောက်အဦ အတွင်းတပ်ဆင်သော် Wall Mounted Fire Hydrant နှင့် အဆောက်အဦ ပြင်ပ တွင် တပ်ဆင်သော PillE Type or Stand Post Type Fire Hydrant ဟူ၍ နှစ်မျိုးရှိသည်။

၇၈။ Internal အသုံးပြုသော Wall Mounted Type အား Hotels, Museums, Hospitals, Banks, Factories အစရှိသော အဆောက်အဦ ကြီး များအတွင်း တပ်ဆင်သည်။

၇၉။ Internal Hydrant အား Building Area 1000m2 ထက်ငယ်လျှင် အနည်းဆုံး (၁)လုံး၊1000m2 မှ 5000m2 အတွင်းအနည်းဆုံး (၂)လုံး၊ 5000m2 မှ 10000m2 အတွင်းအနည်းဆုံး (၂)လုံးနှင့် 10000m2 နှင့်အထက် 5000m2  တိုးတိုင်း အနည်းဆုံး (၁)လုံး ထပ်မံတပ်ဆင်ပေးရပါမည်။

၈၀။ ပြင်ပမီးသတ်ငုတ် (External Fire Hydrant)အား အဆောက်အဦမှ 6 m အကွာအဝေးတွင် တပ်ဆင်ပြီး၊ မီးသတ်ငုတ်တစ်လုံးနှင့် တစ်လုံး အကွာအဝေးမှာ 150 m ထက်မပိုရပါ။

၈၁။ Hydrant တစ်ခုမှ ရေထွက်ပမာဏသည် အနည်းဆုံး 4 Litre/sec ရှိရပါမည်။

၈၂။ Hydrant Nozzle မှ ထွက်မည့် Pressure သည် အနည်းဆုံး 2 Kg/cm2  ရှိရပါမည်။

၈၃။ ပင်မရေတွန်းပိုက်လိုင်း(Pumping Main)သည် အဆောက်အဦ အမြင့် 45m အတွက် 100 mm Ø ဖြစ်ပြီး၊ 45m ထက်မြင့်သော အဆောက်အဦအတွက် 150 mm Ø သုံးစွဲရပါမည်။

၈၄။ မီးသတ်ရန် ရေလှေင်ကန် (Storage Tank for Fire Fighting) ၏ ပမာဏ ကို Fire Fighting 2 Nos. အနည်းဆုံး (၂)နာရီ ကြာ သုံးစွဲနိုင်ရန်တွက်ချက်ထားရှိပါမည်။

  2 Nos. × 4 Lit/sec× 60 min ×60 hour× 2 Hours = 57.6 m3  ~

 1000

Say 60 m3  Storage Tank For fire Fighting

F. GENERAL

၈၅။ လူနေအိမ် (Residential)တွင် လူတစ်ဦးအတွက် လိုအပ်သော ကြမ်းခင်းဧရိယာ (Floor Area) မှာ12.5 m2 ဖြစ်သည်။

၈၆။ ထိုင်ခုံ အသုံးပြုသော အစည်းအဝေးခန်းမများတွင် လူတစ်ဦးအတွက် လိုအပ်သော ကြမ်းခင်းဧရိယာမှာ 0.6 m2 ဖြစ်သည်။

၈၇။ စိုက်ခင်းများ (Horticulture) အတွက် ရေလိုအပ်ချက်မှာ 2 to 3 Litres/sq.m/day ဖြစ်သည်။

၈၈။ ကျွဲ၊နွား၊ မြင်းများ အစရှိသော တိရိစ္ဆာန်များအတွက် ရေလိုအပ်ချက်မှာ အများဆုံး 60 Litres/day/head ဖြစ်သည်။

၈၉။ လူတစ်ဦးတစ်ရက် ရေချိုးရန် လိုအပ်သော ရေပမာဏမှာ ၅၅ လီတာဖြစ်သည်။

၉၀။ လူတစ်ဦးတစ်ရက် အ၀တ်လျှော်ရန် လိုအပ်သော ရေပမာဏမှာ ၂၀ လီတာဖြစ်သည်။

၉၁။ လူတစ်ဦးတစ်ရက် ရေဆွဲအိုးသုံး အိမ်သာ အသုံးပြုရန်လိုအပ်သော ရေပမာဏမှာ ၃၀ လီတာဖြစ်သည်။

၉၂။ လူတစ်ဦးအတွက် တစ်ရက်ချက်ပြုတ်ရန် လိုအပ်သော ရေပမာဏမှာ ၅ လီတာဖြစ်သည်။

၉၃။ လူတစ်ဦးသောက်သုံးရန် လိုအပ်သော ရေပမာဏမှာ ၅ လီတာဖြစ်သည်။

၉၄။ လူတစ်ဦးအတွက် ဆေးကြောသန့်စင်ရန် လိုအပ်သော ရေပမာဏမှာ ၂၀ လီတာဖြစ်သည်။

၉၅။ မြို့ရေပေးရေးတွင် လူနေအိမ် သုံးစွဲရန် (Domestic Purpose) လူတစ်ဦး တစ်ရက်လျှင် လိုအပ်သော ရေကမာဏမှာ ၁၃၅ လီတာဖြစ်သည်။

၉၆။ မြို့ရေပေးရေးတွင် စက်ရုံသုံးရန် (Industrial Usage) လူတစ်ဦးတစ်ရက်လျှင် လိုအပ်သော ရေပမာဏမှာ ၁၀ လီတာဖြစ်သည်။

၉၇။ မြို့ရေပေးရေးတွင် အများပြည်သူသုံးရန်(Public Use) လူတစ်ဦးတစ်ရက်လျှင် လိုအပ်သော ရေပမာဏမှာ ၁၀ လီတာဖြစ်သည်။

၉၈။ မြို့ရေပေးရေးတွင် စီးပွါးရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သုံးရန် (Business and Trade Use) လူတစ်ဦး တစ်ရက်လျှင် လိုအပ်သော ရေပမာဏမှာ ၂၀ လီတာဖြစ်သည်။

၉၉။ မြို့ရေပေးရေးတွင် စွန့်ပစ်ရန်နှင့် ဆုံးရှုံးသွားသော (Waste and Losses) ရေပမာဏမှအား လူတစ်ဦးလျှင် ၅၅ လီတာနှုန်းဖြင့် တွက်ချက်ပါသည်။

၁၀၀။ ရေတစ်ဂါလံတွင် ကျောက်ချဉ် (Alum) ပါ၀င်နှုန်းမှာ အမျာဆုံး 2 grains( 2 grains per gallon) သာဖြစ်သည်။ (7000 grains= 1 l

Credit to  original   uploader!!!
YMA(အညတရ)


Comments