"တစ်သက်လုံး ကိုယ့်ကိုအမှတ်ရနေစေမယ့် အကြင်နာပေးနည်း"

# 18+ ကျော်မှ ဖတ်ပါ #

"တစ်သက်လုံး ကိုယ့်ကိုအမှတ်ရနေစေမယ့် အကြင်နာပေးနည်း"



Kissing ဆွဲတယ်ဆိုတာ နှုတ်ခမ်းခြင်းထိပြီး တစ်လှည့်စီစုပ်နေရုံနဲ့ kissing ဆွဲနေတာလို့ထင်ရင် အဲ့အတွေးကိုအခု စွန့်ပစ်လိုက်ပါတော့။



ညီကိုတို့ကို အကောင်းဆုံးနဲ့ တစ်သက်တာလုံး ကိုယ့်ကိုအမှတ်ရနေစေမယ့် Kissingဆွဲနည်း အချက် (၅)ချက်ကို ပြောပြပေးမှာဖြစ်ပါတယ်။



(၁) အငြင်သာဆုံးပြုမူပေးပါ။



နှုတ်ခမ်းဆိုတာ အထိအတွေ့အာရုံမှာ အငြင်သာဆုံးနဲ့ အနူးညံ့ဆုံးအရာဖြစ်တဲ့အတွက် ကျနော်တို့ စစချင်း အကြင်နာပေးမယ်ဆိုရင် အနူးညံ့ဆုံးအရာကို အငြင်သာဆုံးနဲ့စရပါမယ်။ မိန်းကလေးသဘာဝက နူးညံ့တာဖြစ်တဲ့အတွက် အကြမ်းပတမ်းစမယ်ဆို သူတို့အတွက်အဆင်မပြေပါဘူး။ ဒါကြောင့် ပထမဦးဆုံး နှုတ်ခမ်းချင်းနှစ်ခုကို အငြင်သာဆုံးအရင်ထိလိုက်ပါ ပြီးရင်အပေါ်နှုတ်ခမ်းကိုအသာအယာစုပ်ယူပြီး စနမ်းပါ၊ ပြီးရင်အောက်နှုတ်ခမ်းကိုစပါ။ နှုတ်ခမ်းနှစ်ခုလုံးတစ်ပြိုင်ထဲစပြီး အလျင်မလိုပါနဲ့ ဇာတ်ရှိန်ကနောက်ပိုင်းဆက်တက်လို့မနိုင်ဘဲ အဖျားရှူးနိုင်ပါတယ်။



(၂) လျှာဖျားလေးနဲ့ ကစားပေးပါ။



နှုတ်ခမ်းချင်းနမ်းနေရင်းနဲ့ သူ့ဘက်ကလည်းစပြီး ပြန်နမ်းလာပြီဆိုရင်တော့ ကိုယ့်ဘက်ကတစ်ဆင့်တက်ပြီး လျှာဖျားလေးနဲ့ကစားပေးရပါမယ်။ လျှာဖျားလေးကိုသူ့နှုတ်ခမ်းထဲထိုးထည့်ပြီး သူ့လျှာဖျားလေးနဲ့ အပေါ်အောက်၊ ဘေးဘယ်ညာ ဝိုက်ပြီးဖြစ်စေ သူ့လျှာလေးကို ကစားပေးပါ။ သူ့ဘက်ကလည်းပြန်စလာပြီဆိုရင်တော့ ဇာတ်ရှိန်စတက်ပါပြီ။ ပြီးရင် သူ့နှုတ်ခမ်းအအာက်လေးကိုလည်း လျှာလေးနဲ့ ဘယ်မှညာ ညာမှဘယ် ညင်သာစွာပွတ်ဆွဲပြီး ကစားပေးပါ။ လျှာဖျားချင်းကစားနေတုန်း သူ့လျှာကိုသွားမစုပ်ပါနဲ့။ ဖီးလ်ငုပ်သွားလိမ့်မယ်။



(၃) တစ်ဖြည်းဖြည်း စကြမ်းပေးပါ။



ကိုယ်ကငြင်သာစွာန့ဲ လုပ်ငန်းစခဲ့ပြီဖြစ်တဲ့အတွက် ဇာတ်ရှိန်မြှင့်ပေးရင်း တစ်ဖြည်းဖြည်းစပြီးကြမ်းပါ။

နှုတ်ခမ်းအပေါ်အောက်တစ်လှည့်စီကနေ နှုတ်ခမ်းနှစ်ခုလုံး တစ်ပြိုင်ထဲ စုပ်ယူပြီးအကြင်နာပေးပါ ပြီးရင်ပြန်အသက်ရှူလိုက် ပြန်နမ်းလိုက် လျှာကလိလိုက်နဲ့ ခပ်စိတ်စိတ်လေးလုပ်ပေးပါ။ ကိုယ်ကမလုပ်ရင်တောင် သူ့ဘက်က စပါလိမ့်မယ်။ ဒါဆို ကိုယ်ကအလိုက်သင့်နေပေးပါ။ သတိ နမ်းနေတုန်းဖျက်ပြီးအသက်ရှုကြတာမျိုးမလုပ်ပါနဲ့၊ လျှာနဲ့ကစားနေချိန် မျက်နှာချင်းလွှဲရင်း လျှာကစားနေတုန်း အသက်ရှူပါ အချိန်လုံလောက်ပါတယ်။



(၄) လျှာကိုစုပ်ပါ။ "အ" လို့ အသံထွက်ပါစေ။



အကြင်နာပေးနေချိန်အတွင်း တစ်ဖြည်းဖြည်းဇာတ်ရှိန်မြင့်လာတဲ့အခါ လှျှာဖျားလေးကိုကလိရင်းနဲ့ သူ့ရဲ့ လျှာကိုအားရပါးရစုပ်လိုက်ပါ။ သူ့ပါးစပ်ဖျားက "အ"လို့အသံထွက်ပါစေ။ အရှေ့မှာဘရိုတို့ဇာတ်ရှိန်တစ်ဖြည်းဖြည်းတက်လာနေခဲ့တဲ့အချိန်မှာ လျှာက်ိုစုပ်ယူပြီး အမြင့်ဆုံးဖီးလ်ကို ဒိန်းခနဲ့ဆောင့်တက်သွားအောင်ပြုလုပ်ပေးရမှာပါ။

လျှာကိုအားရပါးရမစုပ်ယူခင် သူ့လျှာအောက်ပိုင်းကို ကိုယ့်လျှာဖျားလေးနဲ့ အရင်ဆုံး ပွတ်ဆွဲယူပါ။ ပွတ်ဆွဲတဲ့အခါ သူ့လျှာအရင်းကနေ ကိုယ့်လျှာဖျားလေးနဲ့ထိပြီး သူ့ရဲ့လျှာအဖျားထိ ကိုယ့်နှုတ်ခမ်းထဲရောက်လုရောက်ခင်ထိပွတ်ဆွဲပါ။ ပြီးမှလျှာကိုစုပ်ယူပါ။ သူလန့်သွားသယောင်ဖြစ်လိမ့်မယ်။ အဲ့ချိန်သူ့မျက်နှာကိုကြည့်နေပါ ပြီးရင်နှုတ်ခမ်းလေးကို ပြန်နမ်းပါ။



(၅) ပွဲသိမ်းအနမ်းအနေနဲ့ နှုတ်ခမ်းကိုက်ပြီးပွတ်ဆွဲပါ။



လျှာကိုစုပ်ယူနမ်းပြီး သူကြည့်နေချိန် သူ့နှုတ်ခမ်းအောက်ပိ်ုင်းကို ဖွဖွချင်း ပြန်လည်စုပ်ယူရင်း သူ့နှုတ်ခမ်းကို သွားနဲ့ကိုက်ကာ အရှေ့ဘက်ကိုပွတ်ဆွဲလိုက်ပါ။ နှုတ်ခမ်းကိုက်ခြင်းကို အပေါ်အောက် အဆုံးသတ်နမ်းနေချိန်အတွင်း ၃/၄ ကြိမ်ခန့်ဖန်တီးလို့ရပါတယ်။ အရမ်းအားပါပြီးမကိုက်မိဖို့လည်း သတိပြုရပါမယ် ညီကိုတို့ရေ။

ပြီးရင်တော့် နောက်ဆုံးအကြိမ်နှုတ်ခမ်းကိုက်ပြီး Hunk Kiss ကို ပိတ်သိမ်းလိုက်ပါ။ ပြီးရင်ကြည်ကြည်နူးနူးလေးပြုံးပြလိုက်ပါ။



သင်ဒီအတိုင်းသာနမ်းဖြစ်မယ်ဆိုရင် အချိန်အားဖြင့် သုံးချင်သလောက်သုံးလို့ရနိုင်သလို Tempo အမြင့်ဆုံးလျှာစုပ်တဲ့အချိန်မရောက်ခင်အထိ အပြန်အလှန်နှုတ်ခမ်းစုပ်ယူရင်း နမ်းနေလို့ရပါတယ်။ လျှာစုပ်ယူခြင်းနဲ့ နှုတ်ခမ်းကိုက်ပြီးရင်တော့ ဆက်ပြီးမနမ်းနေပါနဲ့။



အကောင်းဆုံး Kissing ဆိုတာ အစ အလယ် အဆုံးထိ ကိုယ်နောက်ပိုင်းခရီးဆက်ချင်ဆက်လို့ရအောင်ရော ကိုယ်နဲ့နမ်းပြီးသည့်တိုင် ကိုယ် ကိုက်လိုက်တဲ့နှုတ်ခမ်းက သူ့ကို အိမ်ပြန်ရောက်တဲ့အချိန်ထိ နှုတ်ခမ်းသားဖူးဖူးလေးနဲ့ ကျိန်းစပ်နေအောင်ဖန်တီးပေးနေမယ့် အမှတ်တရ Kissing မျိုးပါ။



သင်ဒီလိုမျိုးနမ်းပြီးရင် သင့်ချစ်သူက နောက်ထပ် ဒီလိုအနမ်းမျိုး ထပ်ပြီးတောင့်တနေမှာ လုံးဝကိုသေချာပါတယ်။

လုပ်ပိုင်ခွင့်ကတော့ ညီကိုတို့ရဲ့ skill အပေါ်မှာပဲမူတည်တယ်။

အားလုံးပဲအဆင်ပြေကြပါစေ။



 သတိပြုရန် -

မနမ်းခင် ကိုယ့်ရဲ့ခံတွင်းနံ့ သန့်ရှင်းနေပါစေ 😀





#Brave



Credit Men Guide Myanmar

Comments