Mechanical Engineer များသိထားရမယ့် Measuring Devices နှင့် Gauges များ

Mechanical Engineer များသိထားရမယ့် Measuring Devices နှင့် Gauges များ
**************

Mechanical တွေ ဘွဲ့ယူကြပြီး အလုပ်၀င်ကြရတော့မယ်ဆိုတော့ လုပ်ငန်းခွင်၀င်တဲ့အခါ Measuring Devicesတွေနဲ့အစိမ်းသက်သက်မဖြစ်ရအောင်  Measuring Devices နှင့် Gauges များ အကြောင်းရေးဖူးတာလေး ပြန်တင်လိုက်ပါတယ် ..။

Measurement နဲ့အင်ဂျင်နီယာ ဆိုတာ ဘယ်လိုမှ ခွဲထားလို့ရတဲ့ အရာမဟုတ်။ Machinery Production အပိုင်းနဲ့ပတ်သက်ပြီးလုပ်မယ့် စက်မှုအင်ဂျင်နီယာ များအနေနဲ့ တိုင်းတာရာမှာ အလွန်တိကျတဲ့ စံနှုန်းတွေအကြောင်းကို သိထားဖို့လိုအပ်ပါလိမ့်မယ် ။ ဒါကြောင့် အလျားတိုင်းတဲ့ကိရိယာကို ဘယ်လို ခေါ်တယ် အမြင့်တိုင်းတဲ့ ဟာကို ဘယ်လိုခေါ်လဲ သိထားလို့ရအောင်ပေါ့။

(၁) Ruler and scales: ကျောင်းတုန်းက သုံးခဲ့ကြတဲ့ စတီးပေတံတွေပေါ့ ။ Scale Ruler ကတော့ 1:100/ 50 / 300 / စသဖြင့် သုံးမြှောင့်တုံးပေတံတွေ Drawingတွေတိုင်းရင် သုံးပါတယ်။ Drawing မှာပါတဲ့ စကေးကိုကြည့်ပြီးတိုင်းတာ။ အင်ဂျင်နီယာတွေမှာ တစ်လက်မကို ၁၆ စိတ်စိတ်တာကို မမေ့ကြနဲ့နော် ။

နိုင်ငံခြားတွေမှာတော့ (အမေရိကန်နဲ့မြန်မာ ပြီး နောက်အာဖရိကန်တစ်နိုင်ငံကလွဲလို့ တခြားနိုင်ငံအားလုံးမှာ normally ကတော့ SI Unit ပဲ သုံးပါတယ် mm  ပေါ့ ။ US Company တွေရဲ့ dwg တွေဆိုရင်တော့ သေချာပါတယ် inch နဲ့လာမှာ  ..။

(၂) Vernier caliper: သေးငယ်တဲ့ အလျားတွေ Diameter တွေကိုတိကျစွာတိုင်းတာနိုင်တယ်။ Mechanical တွေရဲ့ ပထမနှစ် WorkShop Tech Chapter 4 လားမသိ။ အဲဒီမှာ ပါပါတယ်။ ရိုးရိုး Scale ပြီးတော့ Dial လို့ခေါ်တဲ့ ဒိုင်ခွက်နဲ့ပြီးတော့ အခုနောက်ပိုင်း Digital Calipers တွေ။ ( ပုံ ၂ ) အသွားအကြီး ၂ ခု ကအပြင် Dimension တိုင်းရင် သုံးပြီး အပေါ်အသွားသေး ၂ခု က အတွင်း Dimension တိုင်းရာမှာသုံးပါတယ်။ သူ့ range နဲ့သူရှိတယ် .. 200 mm အရှည် 300 mm အရှည် နဲ့သူ့range နဲ့သူ လူ ၂ ယောက်ကိုင်တိုင်းရတဲ့ အရှည်ကြီးတွေထိရှိပါတယ်။

(၃) Micrometer: Micro ဆိုတဲ့နာမည်အတိုင်း ဒီကိရိယာက Caliper ထက် ပိုတိကျစွာတိုင်းတာနိုင်ပါတယ်။ Linear အလျားတွေတိုင်းလို့ရသလို O.D လို့ခေါ်တဲ့ Outer diameter တွေတိုင်းရင် သုံးတာပေါ့။ သူလဲ သူ့ range နဲ့သူရှိတယ် .. ဥပမာ 25mm to 50 mm ဆို သူ့ကြားထဲရှိတဲ့ အတိုင်းအတာတွေ တိုင်းလို့ရတာပေါ့ .. သူလဲ ဟိုးသေးသေးလေးကနေ အကြီးကြီး လူ ၂ ယောက် ကိုင်ရတဲ့ အထိ ရှိတယ် .. ။
( ပုံ ၃ )

(၄) Liner measurement tool: ဒီကိရိယာကတော့ ကြီးမားတဲ့ Diameter တွေရဲ့ အတိုးအလျော့တွေကိုတိုင်းရာမှာသုံးပါတယ် ။ ( ဥပမာ အင်ဂျင်ဆလင်ဒါတွေ ။ Pump အတွင်းပိုင်းတွေ) လိုချင်တဲ့ အလျားယူလို့ရအောင် အပိုင်းဆက်လေးတွေနဲ့ ဖြုတ်လို့ဆက်လို့ရတဲ့ ကိရိယာပါ ။ ထိပ်မှာ Dial indicator တစ်ခုပါပါတယ်။ I.D Micrometer လို့လဲ ခေါ်ကြပါတယ် ။ ပုံ ၄ ။

(၅) Bore Gauge: ဒါကတော့ hole တွေရဲ့ Diameter တွေကိုတိုင်းတာရာမှာသုံးပါတယ်။ ရိုးရိုး Scale ပြီးတော့ Dial ပြီးတော့ Digital နဲ့ပြတဲ့ဟာတွေရှိပါတယ်။ သူ့မှာလဲ  သူ့range နဲ့ သူ ဖြုတ်တပ်လို့ရတဲ့  အပိုင်းလေးတွေပါတယ် ။ ပုံ ၅ ။

(၆) Depth gauge: Slot တွေ Hole တွေ ရဲ့ Depth တွေတိုင်းတာတဲ့ကိရိယာပါ။ သူလည်း ရိုးရိုး Scale ပြီးတော့ Dial ပြီးတော့ Digital နဲ့ပြတဲ့ဟာတွေရှိပါတယ်။ ပုံ ၆

(၇) Angle Protractor : ထောင့်တိုင်းတာတဲ့ ကိရိယာပါ ။ ကျောင်းတုန်းကတော့ ထောင့်တိုင်းစက်ဝိုင်းခြမ်းပေါ့ ။ လုပ်ငန်းခွင်မှာတော့ ပုံ ၇ အတိုင်းပါ။

Measuringလုပ်ရာမှာ accuracy က အရေးကြီးပါတယ် ။ ဘယ်လောက်ထိတိကျတိုင်းယူမလဲဆိုတဲ့အချက်ပါ။ တစ်လက်မရဲ. တစ်သောင်း ပုံ တစ်ပုံ (1/10000) ထိတိကျချင်တယ်ဆိုရင်တော့ Slip gauges/Block Gauges နဲ.တိုင်းတာရပါမယ် ။Slip gauges/Block Gauges ဆိုတာ အလျား 1-1/4 x 3/8 ရှိတဲ့ steel တုံးလေးတွေပါ ။  steel အတုံးလေးတွေကို လိုချင်တဲ့ အတိုင်းတာရအောင်ပေါင်းပြီး တိုင်းတာပါတယ်..

ကြားဖူးနေကျ လို ၁ပေ ပို ၁ ပေ အိုကေ ဆိုတဲ့စကားက အမှန်မအိုကေ ပါဘူး ။ Tolerance လို့ခေါ်တဲ့ အတိုးအလျော့လေးက စက်မှုလုပ်ငန်းမှာ အရမ်းအရေးကြီးပါတယ်။ Precision ပေါ့ ။
ပေးထားတဲ့ tolerance ရဲ့ 0.001 in တောင် ပို လို့လျော့လို့မရတာတွေရှိပါတယ်။

Mechanical Engineering မှာ ဒါလေးကတော့ ပြသနာမရှိပါဘူးဆိုတာမရှိပါဘူး ။။ အပိုထည့်ထားတာမရှိဘူး ။ ဒါကြောင့် accuracy ကအရေးကြီးတာပေါ့

Accuracy = actual + tolerance (or) actual - tolerance ပါ ။ (လုပ်ငန်းခွင်ရောက်ရင်နားလည်လာပါလိမ့်မယ်)  ကောင်းကောင်းလေ့လာဖို့တော့ လိုတာပေါ့ ။

Holes တွေ အတွက် စတီးချောင်းလေး Pin Gauge ဆိုတာ ရှိပါသေးတယ်။ Thread လို့ခေါ်တဲ့ ၀က်အူရစ်တွေ စစ်တဲ့ Plug Guage တွေ Ring Gauge တွေ  ဒါတွေကတော့ လက်တွေ့လုပ်ငန်းခွင်ရောက်မှပဲ နားလည်ပါလိမ့်မယ် ။ တခြား ကိရိယာ ပေါင်းများစွာရှိပါသေးတယ်။

နိုင်ငံတကာမှာက SI Unit ပဲ သုံးကြတာဆိုတော့ Inch တွေ mm / cm တွေ ဆက်သွယ်ချက်တွေကိုလည်း သိဖို့လိုသေးတယ်နော …။

YMA(အညတရ)

Credit  to Original  Uploader !!!




Comments