အာလူးချောင်းကြော်(၁ ပွဲစာ)

အာလူးချောင်းကြော်(၁ ပွဲစာ)
ပါဝင်ပစ္စည်းများ
၁။အာလူး              (၁)လုံး(အလုံးကြီးကြီး)
၂။ဆား                  အနည်းငယ်
၃။ကြက်သားမှုန့်.    ။
၄။သကြား               ။
၅။ငရုတ်ကောင်းမှုန့် ။
၆။ရေ
၇။ရေခဲရေ
၈။ဆီ
ပြုလုပ်ပုံ
၁။အာလူးကိုအခွံခွာရေဆေး၍အချောင်းလေးများလှှီးထားပါ။
၂။အိုးထဲသို့ရေသန့်၊ဆား၊သကြားနှင့်အာလူးတို့ထည့်၍ရေဆူလာသည်ထိပြုတ်ပါ။
၃။ရေဆူလာပါကအာလူးများအပျော့မလွန်စေရန်ချက်ချင်းဆယ်၍ရေခဲရေထဲတွင်(၂)နာရီခန့်စိမ်ပါ။
၄။ထို့နောက်အာလူးကိုဆီများများဖြင့်ရွှေဝါရောင်သမ်းသည်ထိကြော်ပေးပါ။
၅။အာလူးကြော်ကြွပ်ကြွပ်ထဲသို့ ဆား၊ကြက်သားမှုန့်နှင့်ငရုတ်ကောင်း လက်ဖက်စားဇွန်းတစ်ဝက်စာစီဖြူးပေးပါ။
ကျန်းမာရေးနှင့်ညီညွတ်၍ဆိုင်ကြော်အရသာအတိုင်းဖြစ်သောအာလူးချောင်းကြော်ကြွပ်ကြွပ်မွမွလေးများကိုသုံးဆောင်နိုင်ပြီဖြစ်ပါသည်။





Comments