အသက်ဘေးကြုံနေရတဲ့ ကလေးတစ်ယောက်ကို စင်ကာပူမှာ ခွဲစိတ်ကုသပေးခဲ့တဲ့ လက်ဝှေ့သမား ဒေဝ

ဒေဝ (Dave) ဟာ ကနေဒါ နိုင်ငံရဲ့ လက်ဝှေ့သမား တစ်ဦးဖြစ်ပြီး သူဟာ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဘွဲ့ (Myanmar Lethwei World Championship) ၊ နိုင်ငံတကာလက်ဝှေ့အဖွဲချုပ်ဂျပန်(International Lethwei Federation Japan) ၊ Air Kbz အောင်လံ ချန်ပီယံဘွဲ့တွေကို ရရှိထားသူဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ မြန်မာ့လက်ခမောင်း ကုမ္ပဏီ နဲ့ စာချုပ်ချုပ်ဆိုထားပြီး မြန်မာပြည်မှာဘဲ နေထိုင်လျက်ရှိနေပါတယ်။


သူက မြန်မာပြည်မှာနေထိုင်တာများလာတော့ မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေကို လိုက်နာရုံသာမက သူကိုယ်တိုင်လဲ မြန်မာ့ရိုးရာအတိုင်း မင်္ဂလာဆောင်ခဲ့တာလြဲဖစ်ပါတယ်။ ယခုအခါမှာလဲ မြန်မာနိုင်ငံသား ကလေးလေးတစ်ယောက် ဟာ ဆိုးရွားလှတဲ့ ကျန်းမာရေးအခြေအနေ နဲ့ အသက်ဘေးကြုံနေခဲ့ရပေမယ့် အဲ့ဒီ့ကလေးလေးကို လက်ဝှေ့ အကျော်အမော် ဒေဝ (Dave)ကစင်ကူပူနိုင်ငံထိသွားရောက်ခွဲစိတ်ဆေးခဲ့ပြီး ကုန်ကျစရိတ် အားလုံးကို လှူဒါန်းခဲ့ပါတယ်။


သူလှူဒါန်းခဲ့တဲ့ အကြောင်းကို ” အရမ်းနေမကောင်းဖြစ်နေတဲ့ ကလေးလေးတစ်ယောက်ကိုဆေးကုသစရိတ်တွေကူညီဖို့ ကျွန်တော်နဲ့ကျွန်တော့်အမျိုးသမီးဆုံးဖြတ်ခဲ့ပါတယ်။အဲဒီသားလေးဟာ နှလုံး၊အသည်းနဲ့ကျောက်ကပ်ခွဲစိပ်မှုတွေစင်္ကာပူမှာလုပ်ခဲ့ရပါတယ်။ခွဲစိပ်မှုတွေအောင်မြင်ပြီး သူကျန်းမာပျော်ရွှင်သွားတော့ အတိုင်းမသိဝမ်းသာရပါတယ်။ဘဝမှာကျွန်တော်တို့တစ်ခါပဲရှင်သန်ရတာပါ။ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ့်အနားကလူတွေအကျိုးကို အတတ်နိုင်ဆုံးသယ်ပိုးကြပါခင်ဗျာ။💛 ” လို့ဆိုပြီး ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Comments