စက်တင်ဘာ ၄၊ ၂၀၁၉
ကမ္ဘာ့အကြီးဆုံး သက်ရှိကျွန်းပင်ကြီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နံ့သာ အုပ်စု၊ တုံစကားရွာအနီး ဥရုကြိုးဝိုင်းရှိ အကွက်အမှတ်(၇၉)မှာ တွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာ့အကြီးဆုံး သက်ရှိကျွန်းပင်ကြီးရဲ့ ရင်စို့လုံးပတ်မှာ (၂၇)ပေ (၅)လ က္မ နဲ့ အမြင့်ပေဟာ(၁၁၀)ခန့်ရှိပြီးကျွန်းပင်ကြီးကို ရှာဖွေတွေ့ရှိပြီး သတင်းပေးပို့သူမှာ ဒေသခံ ဦးတင်ရွှေ ဖြစ်ပြီး ကျွန်းပင်ကြီးကို တိုင်းတာမှတ်တမ်းတင်ရန် ခရီးစဉ်မှာ ရက်သတ္တပတ်(၁)ပတ်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီကျွန်းပင်ကြီးကို သြဂုတ်လ ၂၈ရက်နေ့ မနက် ၁၁း၄၀အချိန်မှာတိုင်းတာမှုပြီးစီးခဲ့ကာ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး“ဟုမ္မလင်း (၁)” ဆိုတဲ့ အမည်ပေးထားတယ်လို့ သိရပါတယ်။
သြဂုတ် ၂၈ရက်နေ့မှာဘဲ ဥရုကြိုးဝိုင်းရှိ ဟွေမိုင်အက်တောင်ကြောပေါ်မှာ (၂၇)ပေရှိပြီး ” ဟုမ္မလင်း-၂” အမည်ပေးထားတဲ့ ကျွန်းပင်ကြီး ကို စတင်တွေ့ရှိမှတ်တမ်းတင်ခဲ့ပြီးနောက်ကမ္ဘာ့အကြီးဆုံးသက်ရှိကျွန်းပင် “ဟုမ္မလင်း-၁” ကို မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ မှတ်တမ်းတင်ထားတဲ့ ကျွန်းပင်ကြီးတွေရဲ့ နှိုင်းယှဉ်ချက်ကတော့ (၁) ဟုမ္မလင်း-၁ ၂၇’ ၅” (၂) ဟုမ္မလင်း-၂ ၂၇’ (၃) ဗန်းမောက် ၂၆’ ၈” (၄) ပြင်ဦးလွင် ၂၅’ ၂” (၅) အိန္ဒိယ-၁ ၂၅’ ၁” (၆) ကောလင်း ၂၃’ ၁၀” (၇) အိန္ဒိယ-၂ ၂၃’ ၇” အစရှိသည်တို့ဖြစ်ကြောင်း သစ်တောဆိုင်ရာသတင်းအချက်အလက်အရ သိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဓါတ်ပုံ – စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ Win Naing (လေးစားမှုဖြင့် ခရက်ဒစ်)
Comments
Post a Comment