ရုပ်ဖြောင့်ဖြောင့်၊ ဗလတောင့်တောင့်နဲ့ နှုတ်ခမ်းနီမလေးတွေ အရမ်းကြွေကြတဲ့ အဆိုတော် မော်ဒယ်ချောချောလေး ဟိန်းမင်းသူကတော့ လတ်တလောမှာ ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စတစ်ခုကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ ဟိန်းမင်းသူကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုမော်ဒယ်အဖြစ် ထိုင်းနိုင်ငံမှာ ရိုက်ကူးရေးတွေ ပြုလုပ်နေရပြီဆိုတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာပါ။ အဆိုပါရိုက်ကူးရေးမှာတော့ မြန်မာနိုင်ငံက ဟိန်းမင်းသူအပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့က အရမ်းချောတဲ့ မော်ဒယ်ကောင်လေးတွေလည်း ပါဝင်တာတွေ့ရပါတယ်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို မိုက်တဲ့ နိုင်ငံခြားက မော်ဒယ်တွေကြားမှာ ထင်ရှားနေတဲ့ မြန်မာ မော်ဒယ် ဟိန်းမင်းသူရဲ့အင်တာဗျူးဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်နော်။ဟိန်းမင်းသူကတော့ ‘Today Photoshooting in Thailand 🇹🇭❤️” ဆိုပြီး မနေ့က အင်တာဗျူးခဲ့တဲ့ သူတို့ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ဗီဒီယိုလေးကို ဝေမျှပေးထားတာပါ။ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ထူးခြားတဲ့ ရုပ်ရည်တို့ကြောင်း တစ်ခြားနိုင်ငံက မော်ဒယ်တွေကြားမှာ ဟိန်းမင်းသူတစ်ယောက် ထင်ရှားပေါ်လွင်နေတာပဲ ဖြစ်ပါတယ်။
ဟိန်းမင်းသူကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ ထိုင်းနိုင်ငံအထိတောင် ခြေဆန့်ပြီး အလုပ်တွေလုပ်နေပြီပဲ ဖြစ်ပါတယ်။ သီချင်းဆိုနေရရင်ကို ပျော်ရွှင်နေတဲ့ ဟိန်းမင်းသူကတော့ လတ်တလောမှာ သီချင်းသစ်တွေလည်း ဖန်တီးဖြစ်နေပြီး ပရိသတ်အတွက် အကောင်းဆုံးကြိုးစားနေတာပါ။ချစ်ပရိသတ်တွေလည်း ထိုင်းနိုင်ငံမှာ ရိုက်ကူးရေးလုပ်နေရပြီဖြစ်တဲ့ ဟိန်းမင်းသူကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Comments
Post a Comment