ဘဝမှာ မလုပ်သင့်တဲ့ အချက် (၂၀)



၁။ မပျင်းပါနဲ့
🌹🌹🌹🌹

ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။

၂။ ဘဝရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

ဘဝကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။ တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဘာကိုမှ မကျော်ပဲ တစ်မျက်နှာချင်း လှန်ဖတ်သွားရင် ဘဝရဲ့ရသကို ခံစားရမှာပါ။

၃။ တသမတ်တည်း မလျှောက်လှမ်းပါနဲ့
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ ကိုယ်ပိုင်စိတ်ကူး အိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတ္တိမွေးပါ။

၄။ အချိန်ကောင်းကို စောင့်မနေပါနဲ့
🌷🌷🌷🌷🌷🌷🌷🌷🌷🌷

အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန်ကောင်းကို စောင့်မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။ လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။

၅။ ဟန်မဆောင်ပါနဲ့
🌿🌿🌿🌿🌿🌿

လူတွေဘယ်လို ထင်မြင်ယူဆမလဲ ဆိုတာကို တွေးပူပြီး ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့။ ဒီလိုစိုးရိမ်နေမယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး။ ပတ်ဝန်းကျင်က ပုံသွင်းတာကို လက်မခံပါနဲ့။ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ရပ်တည်ပါ။

၆။ ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့
🍂🍂🍂🍂🍂🍂🍂🍂🍂🍂

တစ်ခါတရံမှ ကျင့်ဝတ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ်။ ဒါက လူသားတွေရဲ့ သဘာဝပါ။

၇။ အရာအားလုံးကို မတတ်သာလို့ လုပ်နေရတာမျိုး မဖြစ်ပါစေနဲ့
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ဘဝဆိုတာ ရတောင့်ရခဲ အခွင့်ထူးတစ်ခုပါ။ ဘဝအတွက်လုပ်ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ်ဆိုရင် ပျော်ရွှင်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

၈။ အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။

၉။ အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ဘဝမှာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ်။ အတိတ်ကအမှားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ။

၁၀။ ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့
🍃🍃🍃🍃🍃🍃🍃🍃🍃🍃

အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ်။ တွေးပူမနေပါနဲ။

၁၁။ အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်စောင့်ရတာကို သိထားပါ။ အကောင်းဆုံးပဲလုပ်ပါ။ ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါ။ ကျန်တာအားလုံးကို မေ့ထားပါ။

၁၂။ ဘာကိုမှ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ဘဝက ပြောင်းလဲနေပါတယ်။ ဘယ်အရာမှမတည်မြဲဘူးဆိုတာ အမှတ်ရပါ။

၁၃။ လက်ရှိပျော်ရွှင်မှုကို လစ်လျူမရှုပါနဲ့
🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄

အခုရှိနေတာကိုမှ အသိအမှတ်မပြုရင် လမ်းဆုံးရင်လည်း ရွာတွေ့မှာ မဟုတ်ပါဘူး။ အနာဂတ်ကို အများကြီး မျှော်လင့်ပြီး လက်ရှိဘဝကို အလဟဿမဖြစ်ပါစေနဲ့။

၁၄။ အယူချည်းပဲ မဖြစ်ပါစေနဲ့
🍁🍁🍁🍁🍁🍁🍁🍁🍁

ငွေကြေးဥစ္စာပစ္စည်း အရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ဝေမျှပါ။ မရှိဘူးဆိုရင် နှလုံးသားကို ဝေမျှပါ။ ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ။

၁၅။ တစ်စုံတစ်ယောက်က ကိုယ်စားလုပ်ပေးတာကို စောင့်မနေပါနဲ့
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။ ပြောစရာရှိတာပြောပါ။ လုပ်စရာရှိတာလုပ်ပါ။ အတွေးနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။

၁၆။ အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့
🌹🌹🌹🌹🌹🌹🌹🌹🌹🌹

အမှန်တရားဆီကို လမ်းကြောင်းတွေအများကြီးရှိပါတယ်။ တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက် အရှုံးပေးလိုက်တာက နှလုံးအေးပါတယ်။

၁၇။ မသိသေးပဲ အကဲမဖြတ်ပါနဲ့
🍃🍃🍃🍃🍃🍃🍃🍃🍃

အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာကို လျှော့ပါ။ ပိုချစ်ခင်တတ်အောင် ကြိုးစားပါ။

၁၈။ အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့
🍄🍄🍄🍄🍄🍄🍄🍄🍄🍄

တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့လိုက်ချင်ရင် မမုန်းလိုက်မိပါစေနဲ့။ မုန်းမိတဲ့အရာဟာ နှလုံးသားကို အချိန်တိုင်းထိုးဆွနေတတ်ပါတယ်။ မမုန်းပါနဲ့။ ခွင့်လွှတ်လိုက်ပါ။

၁၉။ အချစ်ကိစ္စတွေမှာ အဓိပ္ပါယ်မဲ့တာတွေ သိပ်မတွေးပါနဲ့
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲလက်ခံပေးတာကို အားလုံးက လိုချင်ကြပါတယ်။ ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ။ အများကြီးမစဉ်းစားပါနဲ့။ ပျော်ရွှင်မှုချင်း ထပ်တူကျရင် အချစ်စစ်ပါပဲ။

၂၀။ အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

အမြဲတမ်းဆက်သွယ်နေပါ။ သူတို့အတွက် တိုက်ခိုက်ပါ။ သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။ အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘဝနဲ့ ယုံကြည်မှုကို တွဲကပ်ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်။

Crd___Thi Ha🇲🇲
Crd_Han Linn Aung🇲🇲

Comments