ငြိမ်းတုတ်ဆိုတာက သူကြီးသမီး
မာနကလည်းကြီးလိုက်တာ ခေါင်ခိုက်လို့
ကြီးမှာပေါ့ သူ့ရွာမှာတော့သူကအချောဆုံးကိုး
ရွာကကောင်တွေဘယ်ကောင်မှ သူ့အနားကပ်လို့မရ ။
ငြိမ်းတုတ်က သူတို့ကို
တူတယ်တန်တယ်လို့တောင်မထင်
သောက်ဖက်မလုပ် ။
ရွာကကောင်တွေကလည်း
သူကြီးထိပ်တုံးကြောက်တော့ အနားမကပ်ရဲကြဘူး ။
အဲ့တော့
ငြိမ်းတုတ်နဲ့ ရွာထဲကကောင်တကောင်နဲ့
ငြိဖို့ဆိုတာ ပုံပြင်တွေထဲကလို
ဘယ်လိုမှမဖြစ်နိုင်ဘူး
မဖြစ်နိုင်တော့ ရွာထဲကောင်တွေကလည်း
မစားရညှော်ခံနဲ့ပဲ ဘယ်သူမှမကြိုးစားကြတော့ဘူး။
တစ်နေ့မှာတော့ မောင်မိုးသူ ပြန်လာခဲ့ပြီ
မောင်မိုးသူ က ဒီရွာသား
မြို့မှာကျောင်းသွားတက်တာ
ဆယ်တန်းတဘုန်းဘုန်းကျလို့ သူ့မိဘတွေကရွာပြန်ခေါ်လိုက်တယ်။
ဒီကောင်က သောက်ပျင်း
ဘာအလုပ်မှဟုတ်တိပတ်တိ မလုပ်ချင်ဘူး။
အားလုံးတက်ကြငါ့ထော်လာဂျီဆိုပြီးတော့
ဘော်ဒါတွေကိုတင်ပြီး အရက်ဆိုင်လိုက်ပို့ရလောက်အောင်လည်း
ရေမလျှံဘူးလေ ။
သောက်လုပ်တာမလုပ်ချင်တာ သူဌေးကဖြစ်ချင်တယ်။
ဖြစ်ချင်တော့
ဉာဏ်ဝါ ဉာဏ်ပြ ာတွေထွက်အောင်
ညှစ်တာပေါ့။
ညှစ်တော့ ဂွင်ကြီးကြီးကိုသွားတွေ့တယ်။
အဲ့ဒါကတော့ ငြိမ်းတုတ်ပေါ့...
ငြိမ်းတုတ်က လူကြီးသမီးဆိုတော့
ရေလျှံတယ်။ ဘယ်ကောင်မှ လက်ဖျားနဲ့တောင်မထိရသေးတော့
အကိတ်ကြီး တံဆိပ်တောင်မခွာရသေးဘူး။
ဂွင်တည့်ရင် မြှားတချောင်းတည်းနဲ့
ပေါက်စီရော စမူဆာတွေရော ဒင်္ဂါးတွေရောရမှာလေ။
အာ့ကြောင့် မောင်မိုးသူ စ ပြီး လှုပ်ရှားပြီလေ
သူကြီးအိမ်နောက်ဖေးမှာ
နေ့တိုင်း သွား သွားချောင်းတယ်
တနေ့တော့ ငြိမ်းတုတ်လေး
နောက်ဖေးကိုထွက်လာတယ်။
( အဲ့ဒီခေတ်က တောရွာတွေမှာ အပေါ့အပါးသွားရင် နီးစပ်ရာခြုံပုတ်နားမှာ အဆင်ပြေသလိုသွားကြတဲ့ခေတ် )
ငြိမ်းတုတ်လေး နောက်ဖေးထွက်လာပြီး
အပေါ့သွားတယ်။
မိုးသူ က လည်း ချောင်းကြည့်နေတယ်။
ငြိမ်းတုတ်လေးက အပေါ့သွားပြီး အိမ်ထဲပြန်ဝင်ခါနီးမှာ
မိုးသူက လှစ်ကနဲပြေးလာပြီး
ငြိမ်းတုတ်လေး အပေါ့သွားခဲ့တဲ့ မြေပြင်ပေါ်က ချိုင့်ခွက်လေးကို
လက်ညိုးနဲ့ တစွပ်စွပ်ထိုးနေတော့တာပဲ 😁
ငြိမ်းတုတ်လည်း ရှက်ပြီးအိမ်ထဲဝင်ကာတံခါးကို
ဝုန်းကနဲပိတ်ချလိုက်တယ်
အိမ်ထဲရောက်တော့လည်း ရင်တွေတလှပ်လှပ်ခုန်ပြီး
မောဟိုက်နေတာပေါ့...
စိတ်ထဲကလည်း မိုးသူ မသာကောင်
တော်တော်မိုက်ရိုင်းတယ်ဆိုပြီး
ဆဲနေတာပေါ့... 😱
ဟုတ်သားပဲ ဟိုကောင်မိုးသူကလည်း
ဘာတွေလျှောက်လုပ်မှန်းမသိဘူး...
ဒါပေမဲ့ မိုးသူက
အလကားလုပ်တာမဟုတ်ဘူး။
အကြံရှိတယ်၊ ဒင်းကမြို့မှာ
ကလိမ်ကကျစ်ပေါင်းစုံတတ်လာတာ...
အာ့နဲ့ မိုးသူ အိမ်ပြန်ရောက်တော့
သူ့မိဘတွေကိုပြောတယ်
သူ့ကို မိန်းမလိုက်တောင်းပေးပါတဲ့...
မြတ်စွာဘုရား
မိုးသူ မိဘတွေလည်း
သူတို့ သားအကြောင်းသိတော့
မျက်ခုံးလှုပ်နေတာပေါ့
ဘယ်သူကိုတောင်းပေးရမှာတုန်းဆိုတော့
ငြိမ်းတုတ် တဲ့ ...
သူမိဘတွေကတော့
ဒီကောင် ဘာမြွေဖမ်းလာပြီလဲဆိုပြီး
လန့်နေတာပေါ့
လန့်မှာပဲ ဟိုကသူကြီးသမီးလေ
သွားတောင်းတဲ့အချိန်မှ သောက်ပြဿနာတက်ရင်
သူတို့ပါ မိုးသူနဲ့ရောပြီး
ထိပ်တုံးခတ်ခံရမှာ။
ဒါပေမဲ့ မိုးသူ ကတော့
အပိုင်ပြောနေတာပဲ။
သူနဲ့ ငြိမ်းတုတ် နဲ့ လွန်လွန်ကျူးကျူးတွေဖြစ်ပြီးကုန်ပြီတဲ့...
အာ့ကြောင့်အမြန်လိုက်တောင်းပေးပါ
ကြာရင် တစ်ပူပေါ်နှစ်ပူဆင့်ပြီး
အရှက်ရစရာတွေဖြစ်ကုန်မယ်တဲ့။
အာ့ဆိုရင်တော့ မဖြစ်ချေဘူးဟ ဆိုပြီး
သူ့မိဘတွေလည်း ရွာထဲကလူကြီးတွေခေါ်ကာ
သူကြီးအိမ်ကိုချီတက်ရတော့တာပေါ့
စိတ်ထဲကတော့
အားလုံးဘုရားတ နေကြတယ်
မျက်စိထဲမှာလည်း ထိပ်တုံးပဲမြင်နေကြတယ်။
" ဟေ့ ဘာလာလုပ်တာလဲ ကွ "
သူကြီးကမေးပြီလေ
သူ့ အိမ်ရှေ့မှာ လူတွေစုရုံးရုံးနဲ့ကန်တော့ပွဲတွေနဲ့ဆိုတော့
သူကြီးက ဘုကြည့်ကြည့်ပြီးမေးတော့တာပေါ့
မိုးသူ အမေလည်း မဝံ့မရဲနဲ့
မိန်းမလာတောင်းတာပါ
သူကြီးသမီး ငြိမ်းတုတ် နဲ့ ကျွန်မသားလေးမိုးသူတို့
လူငယ်သဘာဝ ချစ်ကြိုက်ကြပြီး
လွန်လွန်ကျူးကျူးတွေဖြစ်ကုန်ကြလို့
သားရှင်ပီပီလာတောင်းရတာပါ သူကြီးမင်းရယ်ဆိုပြီး
မျက်နှာငယ်လေးနဲ့ပြောလိုက်တော့...
" ဘာ ဘာပြောတယ်
လွန်လွန်ကျူးကျုး ဟုတ်စ "
သူကြီးလည်း ဒေါသထွက်နေပေမဲ့
လက်လွတ်စပယ်တော့ မဝုန်းရဲဘူး
မိုးသူ နောက်မှာ စပ်စုချင်လို့လိုက်လာကြတဲ့
ရွာထဲလူတွေက မနည်းဘူးလေ။
အာကြောင့် အားလုံးကိုအိမ်ထဲခေါ်ပြီး
သားရေးသမီးရေးဆွေးနွေးရတော့တာပေါ့
စိတ်ထဲကတော့ ဟုတ်ရင်ဟုတ်ပေါ့ကွာ
မဟုတ်လို့ကတော့ တမိသားစုလုံး
ထိပ်တုံးစာကျွေးပစ်မယ် ဟင်း...
" ကဲ ! ပြောစမ်း ဘာတွေဘယ်လိုလွန်ကျူးကြတာလဲ "
မိုးသူ က လူပါး
သူကိုယ်တိုင်မပြောဘူး
" ဖေဖေ့သမီးကိုသာ
မေးကြည့်ပါတော့ဗျာ " ... တဲ့ 😁😁
အံမယ် ငါ့များဖေဖေတဲ့
သူကြီးလည်းစိတ်ထဲတော့ ဖုနေပြီ
ဟို မချိုမချဉ်ကောင်မိုးသူ ကို
" ကဲ ! ပြောစမ်း ငါ့သမီး "
ညီးနဲ့ မိုးသူနဲ့ လွန်ကျူးကြပြီးပြီဆို " 😁
ငြိမ်းတုတ်လေးလည်း ရှက်ပြီးမွှန်နေပြီ
လူတွေကြားထဲဆိုတော့ဖြေမိဖြေရာနဲ့
" မဟုတ်ပါဘူး အဖေရဲ့ ကိုမိုးသူက သမီးသေးပေါက်တဲ့နေရာကို လုပ်တာပါ " 😁
" ဘာ သေးပေါက်တဲ့နေရာမလုပ်လို့ နင့်နှဖူးတက်လုပ်ရမလား
ငါ ထ ကန်လိုက်လို့ နင်သေတော့မယ် "😁
သူကြီး မျက်နှာကြီးနီရဲနေပြီ
" မဟုတ်ဘူး အဖေ အိမ်နောက်ဖေးမှာ "
" တော်စမ်း အိမ်နောက်ဖေးမှာမလုပ်လို့ ဧည့်ခန်းထဲခေါ်လုပ်ခံချင်လို့လား "
" မြေ မြေကြီးပေါ်မှာ "
" တိတ် ! ဘာမှဆက်မပြောနဲ့ "
မြေကြီးပေါ်မလုပ်လို့ ဘုရားစင်ပေါ် ...
ငါ ငါကွာ ဆက်ပြောရင်
မကောင်းဖြစ်ရော့မယ်
ကဲ ငါ့မိန်းမရေ မင်း သမီးကတော့ ငါတို့မျက်နှာကို အိုးမဲသုတ်ပြီ "
သူကြီးကတော်လည်း
ယောင်ချာချာတွေဖြစ်ပြီး
သူ့မျက်နှာ သူပြန်ပွတ်နေတယ်
မိုးသူ မွှေးတဲ့မီးကတော့ တဝုန်းဝုန်းပဲ
သူကြီးကဆက်ပြောတယ်
" အဲ့တော့ မင်းသမီးကို
ဟိုအကောင်နဲ့သာ
ပေးစားလိုက်တော့ကွာဆိုတော့...
သကောင့်သား မိုးသူလည်း
ဖင်ဘူးတောင်းထောင်ပြီးကုန်း ကန်တော့တာပဲ...
" ကျေးဇူးပါ ဖေဖေသူကြီးမင်း " 😁😁😁
😁😁😁😁😁😁😁😁😁😁😁😁
Credit to Owner.

Comments
Post a Comment