"ဆရာဖေမြင့်၏ ကြီးပွားကြောင်း(၇)ရပ်"



၁။
 ကိုယ့်ဆီဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကိုအမြဲတမ်းချန်ထားပါ..

၂။
 ကိုယ့်ဆီဝင်လာသော ငွေများကိုစနစ်တကျစီမံခန့်ခွဲသုံးစွဲပါ.. ငွေဝင်တဲ့လမ်းကြောင်းတွေကို သိဖို့လိုသလို
ထွက်တဲ့လမ်းကြောင်းတွေကိုလည်းဃဂဏန သိထားဖို့လိုတယ်.. မလိုအပ်ပဲထွက်နေတဲ့လမ်းကြောင်းတွေရှိရင် အမြန်ဆုံးပိတ်ပစ်ရန်လိုသည်.. အဲ့လိုမလုပ်ရင် အိတ်ပေါက်နဲ့ဖားကောက်သလိုဖြစ်နေမည်..

၃။
 ငွေတွေကို သက်မဲ့လိုသဘောမထားရပါဘူး.. သူတို့အချင်းချင်း တိုးပွားမယ့်နေရာတွေကို ပို့ရမယ်.. နွားတွေကြက်တွေအုပ်လိုက်မွေးသလိုပါပဲ.. သူတို့အချင်းချင်း မိတ်တွေလိုက်ကြ ဥတွေဥကြအကောင်တွေထပ်ပွားကြပေါ့.. ကိုယ်ကငွေမရှာပဲ ငွေငွေချင်းပြန်ရှာသွားတာပေါ့.. ငွေကိုသေတ္တာထဲထည့်သိမ်းထားရင်အကြောသေပြီးလေဖြတ်တဲ့လူလို ငွေတွေလေဖြတ်သွားလိမ့်မယ်..အင်အားမရှိတော့ဘူး..

၄။
 အလုပ်လုပ်ရာမှာ လောင်းကစားမဆန်ရဘူး..မြတ်ချင်မြတ် ရှုံးချင်ရှုံးဆိုတဲ့သဘောမျိုး မလုပ်ရဘူး.. သေချာတာလောက်ကိုပဲ လုပ်ရမယ်.. မြတ်ရင်တော့အများကြီးမြတ်မယ်ရှုံးရင်ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူကဘယ်လောက်အပြောကောင်းကောင်း မလုပ်ရဘူး.. မပိုင်တဲ့အလုပ် မကျွမ်းကျင်တဲ့အလုပ်မှာဘာရင်းနှီးမြုပ်နှံမှုမှ မလုပ်ရဘူး.. (သူများပြောတာကို မယုံနဲ့) (ကိုယ့်မျက်စိနဲ့တွေ့တာတောင် တစ်ဝက်ပဲယုံ)

၅။
 အိမ်ငှားမနေနဲ့ အိမ်ပိုင်ဖြစ်အောင်လုပ် ကြိုးစား..ဆိုင်မငှားနဲ့ အပိုင်ဖြစ်အောင်ကြိုးစား..ငှားတာဟာ ကြာတော့စရိတ်ထောင်းတယ်..စိတ်လည်းရှုပ်ရတယ်.. သေးတာကြီးတာပဓာနမဟုတ်ဘူး ကိုယ်ပိုင်ဖြစ်အောင်ကြိုးစားဖို့ပဲအဲဒီအပေါက်ဟာငွေအထွက်ဆုံးပဲ..

၆။
မမျှော်မှန်းနိုင်တဲ့အနာဂတ်အတွက်ပြင်ဆင်မှုတွေလုပ်ရမယ်.. (မတ်တပ်စာပဲရှိတယ် တုံးလုံးစာမရှိဘူးလို့မပြောရအောင်ပြင်ဆင်ထားပါ)

၇။
 ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့.. (အားပေးတဲ့ဖောက်သည်တို့အားပေးတဲ့ပရိသတ်တို့ဆိုတာစိတ်ချရတာမျိုးမဟုတ်ဘူး..  ကိုယ့်ထက်တော်တဲ့ကောင်းတဲ့လူရှိရင်အဲ့ဒီကိုသွားကြမှာ)

ဆရာဖေမြင့် (ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ်မှ)

credit>မူရင်းတင်သူ

Comments