ဘဝ အတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ


မပျင်းနဲ့~~
ပျင်းရိနေရင် ကိုယ်လိုချင် တဲ့ ပန်းတို င်တစ်ခုကို တော်တော် နဲ့ မရောက်ဘူး။ ပြောတုန်း ကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလား ကဲလားနဲ့ တကယ်လည်း လုပ်မယ် ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇက်ကျော တက် တယ်၊ ခေါင်းကိုက် တယ်၊ ဖျားတယ် နဲ့ဆို တော်တော် နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်း ဖို့လိုပါတယ်။

မတွေဝေနဲ့~~
လောကီလူသားပေပဲ။ တစ်ခါခါ ကြိုးစားနေရင်း နဲ့ စိတ်ဓာတ် ကျတဲ့ အခါ ကြုံတတ်မယ်။ ငါ ဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူး လာမှာလဲ။ အဲဒီ ထက် ဆိုးတာက တစ်ခုခုကို ရည် ရွယ်ပြီး လုပ်နေရင်း တန်းလန်း ရည်ရွယ်ချက်ပျောက်သွား တာမျိုးပေါ့။

အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ် လိုက်တာနဲ့ တွေဝေ သွားတတ် ပါတယ်။ ဒီတော့ တွေဝေရင် ဘဝ ခရီးနှောင်နှေးပါတယ်။

 မစိုးရိမ်နဲ့~~
ဖြစ်တောင် မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့ မလား။ ငါ့အတွက် လုံလောက် တဲ့ Resource တွေ ရှိကော ရှိ ရဲ့ လား။ လုပ်လိုက် တာတော့ ဟုတ်ပါပြီ။ ရလဒ် က သေချာ ပါ့မလား အစရှိ သဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။

ဒါတွေက မလုပ်ခင် မလျှောက်ခင် ကတည်းက  Plan ချထား ရမှာလေ။ အဲဒါတွေ မချ ထားရင်တော့ စိုးရိမ် စိတ်က အမြဲလိုလို ဝင်နေမှာပဲ။

အားမငယ်နဲ့~~
ငါ့ဘော်ဒါတွေ များ၊ သူတို့တွေ များ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ် မလာသေး ပါလား အစရှိ သဖြင့် အားငယ်စိတ် က တော်တော် များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူး ကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူ တို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ် တာလဲတော့ မသိဘူး)

ကိုယ်က ဘဝ ရဲ့အဓိပါ္ပယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ် လို့ မခေါ်ဘူး။ ကိုယ် ကျင်လည်နေရတဲ့ အခြေအနေ ထဲမှာ စိတ် အကျေနပ် ဆုံး အကောင်းဆုံး ဖန်တီး လိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။

 ပြီးတော့မှ နောက်တစ်ဆင့် တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့် အစား သူတို့ ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလိ့ု နောက်ကျ တယ် ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။

အချစ်ဆိပ် မတက်နဲ့~~
ထူးဆန်းတယ် ဟုတ်။ မထူးဆန်း ပါဘူး။ ပတ်ဝန်းကျင် မှာ တွေ့နေရ လို့ပါ။ လူတွေ က ကြိုးစားနေရင်း နဲ့ အရမ်း Romantic ဆန် သွားရင် ရောင့်ရဲ သွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက် မှာ နေ ရတာမျိုး မဟုတ်တောင် တိုက်ခန်းလေး တစ်လုံး နဲ့ နေရရင်ပြီးပါပြီ ဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စား ခံလိုက်ကြတယ်။

စိတ်ညစ်နေတုန်း အားပေးဖော်လေး ရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူ ရှိ တာက ကောင်းပေမယ့် ဘယ် သွားသွား ခြေတောက် မှာ တွဲပါနေမယ့် ကျောက်ခဲ တုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။

စိတ်နှ လုံး ယာယီပျော်ရွှင်မှု အတွက် အတ္တစိတ် နည်းဖို့ အတွက် ပေးဆပ် တယ် ဆိုတဲ့ အချစ်မျိုးက လိုအပ် တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်ေ နလည်း ဖုန်းတွေ ဆက်၊ ညအိပ်လည်း ဆက်၊ မအိပ် လည်း ဆက်၊ တစ်ပတ် မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ ၊ ၈ နာရီက အပြင်မှာ ၈ နာရီ က အွန်လိုင်းမှာ အိပ်ချိန်တောင် ည က အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလု့ိ ပါ ဘာညာ နဲ့ မိမိ ရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲ သွားကြမှာ အမှန်ပါပဲ။

 ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။ သို့ပေမယ့် Target တစ်ခု ထားပြီး ကြိုးစားနေ စဉ် ကာလမှာ အဆိပ်တော့ မတက် ပါနဲ့။ ဖြေဆေး မရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေ အတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။

အပျော် မမက်နဲ့~~
စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက် ဆိုပြီး ဘော်ဒါတွေ နဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကို လည်း Limit လေးတော့ ထားလေ။ ကိုယ် လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင် တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်း များနေရင်လည်း မကောင်းဘူး။

 ပြီးတော့ မှ ငါ့ကို အရက် ဝိုင်းတိုက် ကောင်တွေ သူတို့ ကျတော့ Project ပြီးသွားပါလား ဟ ဆိုပြီး နောင် တတွေ ရနေ လိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှု အတွက် တစ်ဖက်သား ကို လမ်းလွဲအောင် လုပ်ဖို့ ဝန် မလေးဘူး။

ဒီတော့ ကိုယ့်ကို အချိုသတ်ပြီး ဆီဆမ်း ပဲဆီနံလေး မွေးလိုက် တာလို့ ရေရွတ်နေရင်း ဘဝ ပျက်သွားပါမယ်။ အချို့ ကျတော့လည်း ဘယ်သူ မှ မဖျက် ပဲ ကိုယ်တိုင် ဝါသနာ နဲ့ကို ပျော်တတ် တာလည်း ရှိတယ်လေ။ Limit လေး နဲ့တော့ ကဲကြပေါ့။ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။

ဒါနဲ့ ထပ်လောင်းပြောချင် တာက ကြိုးစားနေတဲ့ ဘဝ ရဲ့ အရသာ ဆိုတာ ဟာလည်း ပန်းတိုင်ရောက်မှ ခူးဆွတ် ရမှာ မဟုတ် ပါဘူးနော်။ အသီး မသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစား လုပ်နိုင် ပါသေး တယ်။

တစ်ခါ တစ်လေကျ ကြိုးစားနေရင်း နဲ့ အချို့က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင် မှု အတွက် ပန်းတိုင် ကို ထားရှိပေမယ့် ပျော်ရွှင်မှု အတွက်ကတော့ စက္ကန့်တိုင်း ဟာ ပန်းတိုင် ပါပဲ။

#Cd:MN
#VitaminEducationCentre II

လွတ်လပ်စွာ SHARE နိုင်ပါတယ်။ တခြားသူတွေဖတ်လို့ရအောင်လည်း SHARE သွားပေးပါ

Comments