ငါးပေါင်းနည်း


               ငါးပေါင်းနည်း
                 *********
ပါဝင်ပစ္စည်းများ
***********
၁။ငါး
၂။ကြက်သွန်ဖြူ
၃။ကြက်သွန်နီ
၄။ဂျင်း
၅။ငရုတ်သီးနီ
၆။စပါးလင်
၇။ကြက်သွန်ဖြူမှုန့်
၈။ဂျင်းမှုန့်
၉။စပါးလင်မှုန့်
၁၀။ဟွာကျောက်မှုန့်
၁၁။ငရုတ်ကောင်းမှုန့်
၁၂။နံနံစေ့မှုန့်
၁၃။ငါးပေါင်းငံပြာရည်
၁၄။ကြက်သားမှုန့်သို့မဟုတ်သကြား
၁၅။သံပုရာသီး
၁၆။ကြက်သွန်မိတ်
၁၇။နံနံပင်
၁၈။Sweet Chilli (Pantai)

ပြင်ဆင်နည်း
~~~~~~
(၁)ငါးကိုအကြေးထိုးဗိုလ်ဖောက်ရေဆေးသန့်စင်ပြီးမွှန်းထားပါပြီးလျှင်ငါးပေါင်းငံပြာ ရည်၊ကြက်သားမှုန့်သို့မဟုတ်သကြား၊သံပု ရာရည်၊ကြက်သွန်ဖြူမှုန့်၊ ဂျင်းမှုန့်၊စပါးလင် မှုန့်၊နံနံစေ့မှုန့်၊ဟွာကျောက်မှုန့်တို့ကိုထည့် ပြီးရေခဲသေတ္တာထဲမှာတစ်ညထည့်ထားပါ။
ကြက်သွန်ဖြူမှုန့်၊ဂျင်းမှုန့်၊စပါးလင်မှုန့်၊နံနံ စေ့မှုန့်တို့မရှိပါကကြိတ်ပြီးအရည်ညှစ် ထည့်ပါ။
(၂)ကြက်သွန်မိတ်၊နံနံပင်တို့ကိုရေဆေး
သန့်စင်ပြီးလှီးဖြတ်ထားပါ။
(၃)ကြက်သွန်ဖြူနှင့်ဂျင်းကိုအကွင်းလေး တွေလှီးထားပါ။
(၄)ကြက်သွန်နီကိုလေးစိပ်စိပ်ထားပါ။
(၅)ငရုတ်သီးအနီကိုတစ်စောင်းလှီးထားပါ။
(၆)စပါးလင်ကိုရေဆေးသန့်စင်ပြီးဓားပြား
ရိုက်ပြီးထုံးထားပါ။
(၇)ကြက်ပြုတ်ရည်ပြုလုပ်ထားပါ။ကြက်
ပြုတ်ရည်မရှိပါကရေနွေးကြိုထားပါ။

ဆော့စ်ပြုလုပ်နည်း
~~~~~~~~~

ဂျင်း၊ကြက်သွန်ဖြူတို့ကိုဆီသတ်ပါနည်း နည်းနွမ်းလာပြီဆိုလျှင်Sweet Chili
(Pantai)ကိုထည့်ကြက်ပြုတ်ရည်မရှိ
ကရေနွေးထည့်ငံပြာရည်ထည့်မွှေပေးပါ
အချိုကြိုက်လျှင်ငံပြာရည်မထည့်ပါနဲ့

ငါးပေါင်းနည်း
**********
အားလုံးပြင်ဆင်ပြီးသွားလျှင်ငါးပြုတ်မည့်အိုးထဲသို့ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးနီ၊
စပါးလင်၊ငါးတို့ကိုထည့်ပါ။ပြီးလျှင်ကြက်
ပြုတ်ရည်သို့မဟုတ်ရေနွေးထည့်အဖုန်း အုပ်ပြုတ်ပါ။မီးနစ်၂၀ပြည့်လျှင်ငရုတ် ကောင်းမှုန့်ဖြူးပေးပြီးလျှင်ရပါပြီ။ငါးကိုအိုး
ထဲမှဆယ်ယူပြီးပန်းကန်ထဲထည့်ငါးအပေါ်
မှဆော့စ်လောင်းပါကြက်သွန်မိတ်၊နံနံပင်
သံပုရာသီးတို့ကိုအပေါ်မှတင်ပြီးလျှင်ရပါပြီ
အရသာရှိတဲ့ငါးပေါင်းလေးကိုမိမိနှစ်သက်
သလိုပြင်ဆင်တည်ခင်းပြီးစားလို့ရပါပြီရှင့်


Comments