အိပ်ချိန်မလုံလောက်တဲ့ အခါ ???????

ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက် တွေတစ်ခုချင်းစီမှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ညက အိပ်ရေးပျက် ထားရင် နောက်နေ့တစ်နေ့လုံး စိတ်မကြည်၊အဆင်မပြေတော့ဘူး ဆိုတာ သိထားပြီးသားဖြစ်မှာပါ။ ဒါတင်မကသေးဘဲ မှတ်ဉာဏ်မှာ ရော၊ ကျန်းမာရေး၊ ရုပ်အသွင်အ ပြင်နဲ့ ကိုယ့်ရဲ့အရည်အချင်း စွမ်း ဆောင်ရည်တွေမှာပါ ထိခိုက်ဆုံးရှုံး မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာရော သိပါရဲ့လား။ အိပ်ချိန် နည်းခြင်း၊ ဆက်တိုက် အိပ်ရေးပျက်ခြင်း ကြောင့်-

(၁) ဉာဏ်က ထုံထိုင်းလာနိုင်တယ်

အိပ်ရေးပျက်ရင် တွေးခေါ်နိုင် စွမ်း၊ သင်ယူလေ့လာနိုင်စွမ်းတို့လို ဉာဏ်စွမ်းရည်နဲ့ပတ်သက်တဲ့ လုပ် ဆောင်ချက်တွေ အားနည်းလာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေ တယ်။

(၂)စိတ်ကျရောဂါ ဖြစ်လာနိုင် တယ်

ည အိပ်မပျော်ခြင်းက စိတ်ကျ ရောဂါနဲ့ ဆက် နွယ်နေပါတယ်တဲ့။ အိပ်ရေးပျက် ထားရင် လူက ဘာမှ လုပ်ချင် ကိုင် ချင်စိတ်မရှိ၊ လေးတိ လေးကန် ထိုင်းမှိုင်းမယ်၊စိတ်ဆတ်မယ်၊ စိတ် ညစ်ညူးနေမယ်။ ဘာမှ အလုပ် မဖြစ်တော့ စိတ်ဓာတ်ကျတဲ့အ တွေတွေ ဝင်လာနိုင်တယ်။

(၃) ရုပ် ပိုရင့်စေတယ်

အအိပ်မမှန်ရင် အသားအရေ ညစ်ပြီး အရေးအကြောင်းတွေ၊ မျက်ကွင်းညိုတာတွေ ဖြစ်စေနိုင် တယ်လေ။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က cortisol ဟော်မုန်း တွေ ပိုထွက်လာပြီး အသားအရေ ချောမွေ့စေဖို့၊ တင်းရင်းစေဖို့ ထိန်း သိမ်းပေးတဲ့ skin collagen တွေကို ပျက်စီးစေပါတယ်။ ရလဒ်က တော့ အသားမလှတော့ဘူး၊ မစို ပြည်တော့ဘူး၊ ရုပ်ပိုရင့်လာနိုင် တယ်။

(၄) နောက်ပိုင်းမှာ ကျန်းမာရေး ပြဿနာ တစ်ခုခုဖြစ်လာနိုင်တယ်

နောက်ဆက်တွဲ ပြဿနာအ နေနဲ့ နှလုံးရောဂါ၊ သွေးတိုး၊ အဝ လွန်ခြင်း စတဲ့ ရောဂါဆိုးတွေ ဖြစ် လာနိုင်တဲ့ အန္တရာယ်ရှိတယ်။

အိပ်ရေးပျက်ရင် ပိုဆာတယ်၊ အစာစားချင်စိတ် ပိုဖြစ်လာနိုင် တယ်တဲ့။ အဆီများ၊ အချိုများပြီး ကျန်းမာရေးနဲ့ မညီတာတွေကိုမှ ပို စားချင်တတ်တာဖြစ်လို့ အဝလွန် ခြင်းကို ဦးတည်လာနိုင်တယ်။ အိပ် ရေးမဝတဲ့အခါ Leptin ဟော်မုန်း ပမာဏကိုလျော့စေပြီး ဆာလောင် မှုကို နှိုးဆွတဲ့ Ghrelin ပမာဏကို တိုးစေလို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကို နှ မြောရင် ညတိုင်း အနည်းဆုံး ရးဝဝ နာရီကနေ ၈းဝဝ နာရီလောက် အိပ် ချိန်ပေးပါလို့ အကြံပြုလိုက်တယ် နော်။

 ကျန်းမာကြပါစေ
သိရှိလိုသည်များကို တိုင်ပင်ဆွေးနွေးနိုင်ပါသည်

 share ပေးခြင်းဖြင့် လူများကို ဝေမျပါ

Comments