တစ်ခါတုန်းက ကြက်မတစ်ကောင်ရှိပါတယ်။ ကြက်မက အနီရောင်အဆင်းရှိတဲ့ ကြက်မဖြစ်ပြီး ကြက်ကလေးငါးကောင်လည်း မွေးထားပါတယ်။ သူမမှာ ဘဲ ၊ ကြောင်နဲ့ ခွေးတစ်ကောင် စတဲ့ သူငယ်ချင်းတွေရှိပါတယ်။
တစ်နေ့မှာတော့ ကြက်မက ဂျုံစေ့တစ်စေ့ကို ရှာတွေ့ပါတယ်။ ကြက်မက သူ့သူငယ်ချင်းတွေကို မေးလိုက်ပါတယ်။
“ဟေး…. ဘယ်သူက ဒီဂျုံစေ့ကို စိုက်ပျိုးချင်သလဲ”
“ဘယ်သူမှ မစိုက်ပျိုးချင်ဘူး….” လို့ ဘဲက ဖြေလိုက်ပါတယ်။
“ငါကောပဲ….” လို့ ကြောင်က ငြင်းလိုက်ပြန်ပါတယ်။
“ငါ့ကိုလည်း ထည့်မတွက်နဲ့….” လို့ ခွေးက လှည့်ပြောပြန်ပါတယ်။
“ကောင်းပြီလေ…. အဲဒါဆိုရင် ငါပဲ ဒီဂျုံစေ့ကို စိုက်ထားလိုက်တော့မယ်” လို့ ကြက်မက ပြောလိုက်ပါတယ်။ ကြက်မက ထိုဂျုံစေ့ကို သေချာစိုက်ပျိုးပြီး သေချာရေလောင်းပေးပါတယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာ ဂျုံစေ့က အပင်လေးတွေ ပေါက်လာပါတယ်။ တဖြေးဖြေးနဲ့ ဂျုံပင်တွေက ဝါညိုရောင်သန်းတဲ့ဂျုံတွေ ပေါက်ရောက်ရှင်သန်လာတာပေါ့။ အဲဒီ့အခါ ကြက်မက မေးပြန်တယ်။
“ကဲ… ဒီဂျုံတွေကို ဘယ်သူက ရိတ်သိမ်းချင်သလဲ”
“ငါတော့မပါ….” ဘဲက ပျင်းရိနေတဲ့အသံကြီးနဲ့ ပြန်ဖြေပါတယ်။
“ငါလည်းမပါဘူး….” ကြောင်က ပခုံးတွန့်ရင်းဖြေလိုက်ပြန်တယ်။
“ငါ့ကို ထည့်မတွက်ကြနဲ့….” လို့ ခွေးက ငြင်းလိုက်ပြန်တယ်။
“ကောင်းပြီလေ…. အဲလိုဆိုရင်တော့ ငါ့ဟာငါပဲ ရိတ်သိမ်းလိုက်တာပေါ့….” လို့ ကြက်မက ပြောလိုက်ပြီး တစ်နေ့လုံး ဂျုံတွေရိတ်သိမ်းရတာနဲ့ အလုပ်ရှုပ်နေခဲ့တာပေါ့။
ညနေစောင်းတဲ့အခါမှာတော့ ကြက်မမှာ ဂျုံတွေအိတ်ကြီးနဲ့ နှစ်အိတ်တောင် ရလေရဲ့။
“ဟယ်လို…. အားလုံးပဲ၊ ဂျုံတွေကို ငါနဲ့အတူ ဘယ်သူက ကြိတ်ပေးမလဲ” လို့ ကြက်မက သူ့သူငယ်ချင်းတွေကို မေးပြန်တယ်။
အားလုံးက ငြင်းကြပြန်တယ်။
“အဲဒါဆိုလည်း ငါ့ဟာငါ့ပဲ ဂျုံတွေကြိတ်တာပေါ့ ။ ဂျုံမှုန့်တွေရလာတဲ့အခါ ငါ့ဟာငါပဲ ပေါင်မုန့်ဖုတ်တော့မယ်” လို့ ကြက်မက အသိပေးလိုက်ပါတယ်။
နောက်တစ်နေ့မှာတော့ ကြက်မက အနံ့အရသာနဲ့ပြည့်ဝတဲ့ ပေါင်မုန့်တွေ ဖုတ်လေတော့တယ်။
“ ကဲ….ဘယ်လိုလဲ….ဒီပေါင်မုန့်တွေ ဘယ်သူများ စားချင်ကြမလဲ” လို့ သူ့သူငယ်ချင်းတွေကို မေးလိုက်ပြန်တယ်။
အဲဒီ့အခါမှာတော့ ဘဲက ထဖြေပါတယ်။
“ ငါ စားမယ်ဟေ့…..”
“ငါလည်း စားမယ်…” လို့ ကြောင်က သွားရည်တွေသပ်ရင်းဖြေပြန်တယ်။
“အရသာရှိမယ့်ပုံပဲ… အနံ့လေးက မွှေးနေတာပဲ” လို့ ခွေးက ပြောပြန်တယ်။
“နင်တို့ ဘယ်သူမှ စားဖို့ မစဉ်းစားနဲ့….။ ငါပဲ ဂျုံတွေကို ရိတ်သိမ်းပြီး ကြိတ်လာရတယ်။ အိမ်မှာပေါင်မုန့်ဖုတ်လာရတာ။ ငါနဲ့ ငါ့ကလေးတွေပဲ ဒီပေါင်မုန့်ကို စားခွင့်ရှိတယ်” လို့ ကြက်မက ပြောလိုက်ပြီး သူမနဲ့ သူမရဲ့ကြက်ကလေးတွေက ပေါင်မုန့်ကို မြိန်ရေရှက်ရေ စားလိုက်ပါသတဲ့။
သင်ခန်းစာ။ ။ဒီပုံပြင်လေးကတော့ အနာမခံ အသာမစံရ ဆိုတဲ့စာသားလိုပါပဲ။ ကိုယ်တိုင်ဘာမှ မကြိုးစားချင်ရင် ဘာကိုမှ ခံစားခွင့်ရမှာမဟုတ်ပါဘူးဆိုတဲ့ သင်ခန်းစာလေး ပေးထားတာဖြစ်ပါတယ်။ ဒီပုံပြင်ထဲက ကြက်မလို ကိုယ်တိုင်ကြိုးစားရင် ကိုယ်တိုင်ခံစားခွင့်ရှိမယ်ဆိုတာ သားသားမီးမီးတို့ကို နားလည်အောင် ပြောပြပေးလိုက်ပါနော်။
#BAWA

Comments
Post a Comment