ဘယ်တော့မှစိတ်ဓာတ်မကျနဲ


 လူရယ်လို့ဖြစ်လာရင် ဘဝမှာရှောင်လွှဲမရနိုင်တဲ့ အခက်အခဲတွေကြုံတွေ့ရစမြဲပါ။ လက်ရှိဘဝမှာ ဘယ်လိုဘဲကောင်းအောင် ကြိုးစားကြိုးစား ရည်မှန်းချက်ပန်းတိုင်းနဲ့အကြိမ်ကြိမ် လွဲခဲ့ရလို့စိတ်ဓာတ်ကျ အားငယ်နေရင် မိမိကိုယ်ကိုယုံကြည်မှုတွေလျော့ သွားနိုင်ပါတယ်။ စိတ်ဓာတ်(လုံးဝ)မကျပါနဲ့၊ ဘဝမှာကိုယ့်ထက်အခြေအနေဆိုးတဲ့သူတွေတပုံကြီးပါ။ ဒါကြောင့် အချိန်မနှောင်း ခင် ဇွဲလုံ့လရှိရှိဖြင့် လဲနေတဲ့နေရာကနေ မတ်မတ်ပြန်ထလိုက်ပါ။

(၁) အသက် ၅၉-နှစ်အရွယ် အမေရိကန်ရုပ်ရှင်မင်းသမီး အော်ပရာဝင်းဖရေး(Oprah Winfrey) ကပြောပါ တယ်။ သူမ ၉-နှစ် သမီးအရွယ်တုန်းက အဓမ္မကျင့်ခံခဲ့ရပါတယ်တဲ့။ ယနေ့ခေတ်မှာတော့ အမေရိကန်ရဲ့ လျှမ်းလျှမ်းတောက်မီဒီယာလုပ် ငန်းရှင်/ထုတ်လုပ်သူအဖြစ်အောင်မြင်နေတဲ့အပြင်၊ အမေရိကန်နိုင်ငံက ချီးမြှင့် တဲ့ philanthropist(ခေါ်)လူသားချင်းစာ နာထောက်ထားသူ ဘွဲ့တံဆိပ်တော်ကို ပိုင်ဆိုင်ထားပါပြီ တဲ့ရှင်။
(၂) ယခု အသက် ၅၇-နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင်ကြီး ဘီလ်ဂိတ်(William Henry "Bill" Gates)ဟာ၊ တချိန်တုန်းကစီးပွားရေးအဆင်မပြေလို့ တက္ကသိုလ်ကဘွဲ့မရခင် ပညာရေးတပိုင်း တစ နဲ့ကျောင်းထွက်ခဲ့ရသူပါဆိုရင် သင်အံ့သြသွားလေမလား။
(၃) ထူးခြားတဲ့အရေအသွေးနဲ့ခရစ်ယာန်ဘာသာရေးဆောင်းပါရှင်(ပြည်သူ့အကျိုးပြု) စာရေးဆရာ မကြီးဖြစ်သူ ဂျွိုက်စ်မေ ယာ(Joyce Meyer) ကို သူမပျိုဖော်ဝင်စ ဆယ်ကျော်သက်အရွယ်တုန်းက ဖခင် (အရင်းခေါက်ခေါက်)ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတဲ့အပြင် စိတ်ကြမ်းကိုယ်ကြမ်း ဖခင်ရဲ ့ရင့်ရင့်သီးသီးစကားတွေနဲ့စိတ်ပိုင်းဆိုင်ရာဖိနှိပ်တဲ့ဒဏ်တွေကို မခံနိုင်တော့တာကြောင့် သူမ ၁၈ နှစ် သမီးအရွယ်မှာ အိမ်ပြေးဘဝဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ယနေ့သူမ အသက် ၇၀ မှာတော့ ချစ်ခင်ပွန်း၊ သားသမီး ၄-ဦးတို့နဲ့အတူ အောင်မြင်ပျော်ရွှင်သော မိသားစုဘဝကိုပိုင်ဆိုင်ထားပါပြီ။
(၄) အမေရိကန်မှာ ခေါင်းချင်းဆက်အမြွှာကို ခဲရာခဲဆစ်နဲ့အောင်မြင်စွာခွဲစိပ်ဖယ်ရှားနိုင်ခဲ့သူ၊ ယနေ့ အသက် ၆၁ နှစ်အရွယ် ဦးနှောက် နဲ့အာရုံကြောခွဲစိပ်ပါရဂူ(အငြိမ်းစား) ဒေါက်တာ ဘန်ကာဆင် (Benjamin Solomon "Ben" Carson) ကပြော ပါတယ်။ သူငယ်ငယ်က ဉာဏ်ထိုင်းသူဖြစ်လို့ သူများ ထက် ၃-ဆလောက်ကြိုးစားလေ့လာခဲ့ရပြီး၊ မူလတန်းဘဝကနေ ဘွဲ့ရတဲ့အထိ စာမေးပွဲတွေ နဲ့ပြင်းပြင်း ထန်ထန် တိုက်ပွဲဝင်ခဲ့ရ သူပါတဲ့ရှင်။
(၅) အာဂျင်တီးနား ဘောလုံးအကျော်အမော် လီအိုနယ်မက်စီ(Lionel Andrés "Leo" Messi Cuccittini ) ကတော့ သူ ဘောလုံးသင်တန်းတက်ချင်ခဲ့တာ သင်တန်းကြေးပေးဖို့ငွေလုံလုံလောက်လောက်မရှိတာကြောင့် လ္ဘက်ရည်ဆိုင်မှာ စားပွဲထိုးဝင်လုပ်ရင်း သင်တန်းကြေးစုဆောင်းခဲ့ရပါတယ်တဲ့။ ယနေ့ သူ့အ သက် ၂၆-နှစ်မှာတော့ ဝင်ငွေအလွန်ကောင်း တဲ့ အာဂျင်တီးနားနိုင်ငံကိုယ်စားပြု ဘောလုံး ကပ္ပ တိန်ဖြစ်နေပါပြီ။
(၆) ယခု အသက် ၅၈ နှစ်ရှိပြီဖြစ်သော ကမ္ဘာကျော် ထိပ်တန်း Apple Inc ကုမ္ပဏီရဲ့ CEO ဖြစ်သူ စတိဖ်ဂျော့ဘ်(Steven Paul "Steve" Jobs)ကပြောပါတယ်။ သူငယ်ငယ်က ဆင်းရဲလွန်းတာကြောင့် အခင်ဆုံးသူငယ်ချင်းတစ်ယောက်ရဲ့အိမ် မှာ ကပ်နေခဲ့ရပြီး၊ အဲဒီအိပ်ခန်းထဲက ကြမ်းပြင်မှာ အိပ်ခဲ့ရပါတယ် တဲ့။ စွန့်ပစ် ကိုကာကိုလာပုလင်းခွံဟောင်းတွေကိုစုပြီး၊ စားဝတ်နေရေးအတွက်ငွေဖန်တီးခဲ့ရပါတယ်။ စားစ ရိတ် သက်သာအောင် အပတ်စဉ် ဘုရားကျောင်းက ကျွေးမွေးလှူဒါန်း တဲ့ ထမင်းကိုမှီဝဲခဲ့ရ သူလို့ဆိုပါတယ်။
(၇) အသက် ၆၀ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ(Tony Blair) ကပြောပါတယ်။ သူ ကျောင်းသား ဘဝတုန်းက အတန်းပိုင် ဆရာမက “ဟို …. ချာတူးချာလံ ကောင်လေး” လို့ သူ့ကို အမြဲခေါ်ခဲ့ပါ တယ်တဲ့ရှင်။
(၈) တောင်အာဖရိကရဲ့ ပတမဦးဆုံး သမ္မတဖြစ်ခဲ့သူ နယ်လ်ဆင်မန်ဒီလာ(Nelson Mandela)ဟာ၊ သမ္မတ မဖြစ်ခင် ကုန်လွန်ခဲ့တဲ့ သူ့ဘဝသက်တမ်း ၂၇-နှစ်လုံးလုံး ကို ထောင်ထဲမှာပေးဆပ်ခဲ့ရသူပါတဲ့။ ခုတော့ သူအငြိမ်းစားဘဝနဲ့ အသက် ၉၅ နှစ်

(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း….Useful Info and Health Tips)

Comments