Jack Ma ဆိုတာ ဘယ်သူလဲ။ သိတဲ့သူတွေလည်း သိနိုင်ပေမယ့် မသိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ Jack Ma ဆိုတာ ကမ္ဘာပေါ်မှာ အကြီးဆုံး Ecommerce လုပ်ငန်း Alibaba ကို တည်ထောင်သူဖြစ်ပါတယ်။ Ali Pay ဆိုတဲ့ E-Payment လုပ်ငန်းကိုလည်း တည်ထောင်ခဲ့သူဖြစ်ပါတယ်။ အခုလောလောဆယ်မှာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးလည်းဖြစ်ပါတယ်။ ခန့်မှန်းခြေ 25 Billion Dollar လောက် ချမ်းသာပါတယ်။ သူ့လုပ်ငန်းရဲ့ ရှယ်ယာတွေကို ၂၀၁၄ခုနှစ် စက်တင်ဘာလမှာ ရောင်းချခဲ့ပြီး တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တာပါ။ အခုလောလောဆယ်မှာ Jack Maဟာ Alibabaရဲ့ ရှယ်ယာ ၇.၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး Ali Pay ရဲ့ ရှယ်ယာ ၅၀% ကို ပိုင်ဆိုင်ထားပါတယ်။ Alibaba group တခုလုံးရဲ့ တန်ဖိုးဟာ facebook ထက်တောင် တန်ဖိုးမြင့်မားပါတယ်။
ဒီလိုလုပ်ငန်းတွေပိုင်တဲ့ Jack Ma တစ်ယောက် ချမ်းသာတဲ့မိသားစုကများ ပေါက်ဖွားလာခဲ့တာလား၊ သိူ့မဟုတ် လုပ်တိုင်းကို အောင်မြင်ပြီး ကံကောင်းခဲ့တာလား။ လုံးဝကို မဟုတ်ပါဘူး။ Jack Maဟာ အခက်အခဲပေါင်းများစွားကို ဖြတ်ကျော်ပြီးမှ စင်ပေါ်ကို ရောက်လာတဲ့သူပါ။ Jack Maရဲ့ အကြောင်းလေးကို ဒီစာအုပ်လေးထဲမှာ ဖော်ပြပေးရခြင်း အကြောင်းရင်းက ဒီစာအုပ်ကိုဖတ်နေတဲ့ သင်လည်း အောင်မြင်နိုင်တယ်ဆိုတာကို သိစေချင်လို့ပါ။ မလျော့တဲ့ ဇွဲ ၊လုံးလနဲ့ ကြိုးစားတဲ့သူတိုင်းအတွက် နေရာတစ်ခု အမြဲရှိပါတယ်။
Jack Ma (Ma Yun)ကို အောက်တိုဘာ ၁၅ရက် ၊ ၁၉၆၄ မှာ မွေးဖွားခဲ့ပါတယ်။ မွေးရပ်ဇာတိက တရုတ်ပြည် အရှေ့တောင်ပိုင်း Hangzhoက မြို့ဖြစ်ပါတယ်။ သူ့မှာ မွေးချင်း အကိုတစ်ယောက်နဲ့ ညီမတစ်ယောက်ရှိပါတယ်။ သူ့ကို မွေးဖွားတဲ့အချိန်ဟာ ကွန်မြူနစ်ဒေသတွေကို တရုတ်နိုင်ငံအနောက်ပိုင်းကနေ ခွဲခြားထားခြင်းခံရတဲ့ အချိန်ဖြစ်ပါတယ်။ သူတို့မောင်နှမတွေ ငယ်စဉ်က မိဘတွေက ပိုက်ဆံသိပ်မရှိခဲ့ပါဘူး။ လူလတ်တန်းစားအဆင့်တောင် မရှိခဲ့ပါဘူး။
Jack Maဟာ ငယ်စဉ်ကတည်းက အကောင်သေးသေးလေးပါပဲ။ ဒါပေမယ့် ခဏခဏ ရန်ဖြစ်လေ့ရှိပါတယ်။ သူ့အကြောင်းရေးထားတဲ့ စာအုပ်ထဲမှာ သူဟာအကောင်ကြီးတဲ့သူတွေကို ကြောက်လေ့မရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ သူက ပုရစ်ကောက်ရတာ ဝါသနာပါပါတယ်။ ပုရစ်တွေရဲ့ အသံကြားရုံနဲ့ ပုရစ်အရွယ်အစားနဲ့ အမျိုးအစားကိုပါ ဖော်ပြနိုင်ခဲ့ပါတယ်။
Jack Maတို့ မြို့ကလေးအတွက် အခွင့်အလမ်းပွင့်ခဲ့တာကတော့ ၁၉၇၂ ခုနှစ်မှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတဟောင်း Richard Nixon က Hangzhou ကို သွားရောက်လည်ပတ်ပြီးနောက် Hangzhou မြို့ရဲ့ ခရီးသွားလုပ်ငန်း တိုးတက်လာခဲ့ပါတယ်။ ဒီအခြေအနေကို Jack Ma အမိအရအသုံးချပြီး သူ့ဘဝတိုးတက်အောင် ကြိုးစားချင်ခဲ့ပါတယ်။ Jack Ma ဟာ ငယ်စဉ်ကတည်းက အင်္ဂလိပ်စာသင်ယူချင်ခဲ့ပါတယ်။ ဒါကြောင့် မနက်ပိုင်းမှာ စက်ဘီးတစ်စီးနဲ့ မြို့ထဲပတ်ပြီး နိုင်ငံခြားသားတွေကို အလကားဧည့်လမ်းညွှန်လုပ်ပေးပါတယ်။ နိုင်ငံခြားတွေဆီက အင်္ဂလိပ်စာကို ပြန်လည်သင်ယူပါတယ်။ အဲ့ဒီအချိန်က သူ့ရဲ့နာမည်ကို နိုင်ငံခြားသူတစ်ယောက် က မခေါ်တတ်လို့ Jack လို့ နာမည်ပေးရာကနေ Jack Maဆိုပြီး ဖြစ်လာခဲ့တာပါ။
ပိုက်ဆံမချမ်းသာတဲ့အတွက် ဘဝတိုးတက်လမ်းဟာ ပညာရေးကတဆင့်ပဲ ရနိုင်မယ်ဆိုတာ သိခဲ့ပါတယ်။ အထက်တန်းကျောင်း ပြီးသွားတဲ့အခါမှာ သူကောလိပ်ဝင်ခွင့်လျောက်ခဲ့ပါတယ်။ ဝင်ခွင့်စာမေးပွဲကို နှစ်ကြိမ်တိတိ ကျခဲ့ပါတယ်။ သူဇွဲမလျော့ဘဲ လေ့လာခဲ့ပါတယ်။ ဒါကြောင့် တတိယအကြိမ်မှာတော့ အောင်မြင်ခဲ့ပါတယ်။ Hangzhou Teacher's Institute ( Hangzhou Normal University ) တက်ရောက်ခွင့် ရခဲ့ပါတယ်။
၁၉၈၈ခုနှစ်မှာ ဘွဲ့ရပြီး အလုပ်တွေ အများကြီးလျောက်ခဲ့ပါတယ်။ ဒါပေမယ့် တော်တော်များများက သူ့ကို မခန့်ခဲ့ပါဘူး။ KFCက တရုတ်ပြည်မှာ ပထမဆုံး ဆိုင်လာဖွင့်တော့ သူအပါအဝင် ဝန်ထမ်းနေရာအတွက်စုစုပေါင်း ၂၄ယောက် အလုပ်လျောက်ခဲ့ပေမယ့် ၂၃ယောက် အလုပ်ရပြီး သူတစ်ယောက်တည်း ပယ်ချခံခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ တစ်လကို ၁၂ဒေါ်လာပဲ ရတဲ့ အဂ်လိပ်ဆရာအလုပ်ကို ရခဲ့ပါတယ်။ သူဟာ စာသင်ရာမှာလည်း ထူးချွန်ပြီး တပည့်တွေကလည်း သူ့ကို ချစ်ခင်ပါတယ်။
Jack Ma ရဲ့ ဘဝဟာ အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ဖူးပါတယ်။ ငယ်စဉ်ဘဝက မူလတန်းကျောင်းမှာလည်း စာမေးပွဲတွေ ကျဖူးပါတယ်။ အလယ်တန်းမှာလည်း စာမေးပွဲ ကျဖူးပါတယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာလည်း နှစ်ခါ ကျခဲ့ပါတယ်။ သူဟာ ဟားဗတ်တက္ကသိုလ်ကိုတောင် စာရေးပြီး ဆယ်ကြိမ်တိုင်တိုင် ဝင်ခွင့်လျောက်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဟားဗတ်တက္ကသိုလ်က ဆယ်ကြိမ်လုံး ငြင်းပယ်ခဲ့ပါတယ်။ ဒါက ပညာရေးမှာပဲ ရှိပါသေးပါတယ်။ အလုပ်ရဖို့ လျောက်ခဲ့ရာမှာလည်း အခါ ၃၀ အထိ အရွေးမခံခဲ့ရပါဘူး။ KFCတုန်းက အရွေးမခံခဲ့ရသလို ရဲတပ်ဖွဲ့ထဲမှာ အလုပ်ရဖို့ လူ ၅ယောက် အလုပ်သွားလျောက်ရာမှာလည်း သူတစ်ယောက်တည်းပဲ ပယ်ချခံခဲ့ရပြန်ပါတယ်။
သူ့လုပ်ငန်း Alibaba Group မအောင်မြင်ခင်မှာ အခြားလုပ်ငန်းနှစ်ခုလုပ်ခဲ့ပြီး နှစ်ခုလုံး အရှုံးပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကျဆုံးမှုတွေက သူ့ကို မရပ်တန့်နိုင်ခဲ့ပါဘူး။
Interview တစ်ခုမှာ သူ့ကို အဲ့လိုကျဆုံးမှုတွေ ၊ အပယ်ခံရမှုတွေအတွက် ဘယ်လိုခံစားခဲ့ရလဲလို့မေးတော့ ”ကျွန်တော်တို့ဒီလိုအရာတွေ နဲ့ နေသားတကျရှိဖို့လိုပါတယ်။ ကျွန်တော်တို့က ပြီးပြည့်စုံတဲ့သူတွေ မဟုတ်ဘူးလေ။ ဒီတော့ပယ်ချခံရတတ်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။ Jack Ma က ကျရှုံးမှုတွေပေါ်မှာ ပူဆွေးသောက ရောက်မနေပါဘူး။ ဘယ်လိုမျိုး ထိပ်ဆုံးကို ရောက်အောင်ထပ်တက်မလဲပဲ တွေးတောနေခဲ့ပါတယ်။
credit;မိုးရှင်း(IMT)

Comments
Post a Comment