ကြယ်သီးဓါတ်ခဲကိုမြို ချမိတဲ့ ကလေးလေးရဲ့အဖြစ်

အင်္ဂလန်နိုင်ငံ Basingstoke မှ
အသက် ၂ နှစ်အရွယ် Francesca Asan ဟာ
အံဆွဲကိုဖွင့်ပြီး အဖေသေချာသိမ်းထားတဲ့
ကြယ်သီးဓါတ်ခဲ ခေါ် လီသီယမ်ဓါတ်ခဲကိုမြိုချခဲ့တယ်။
ဒီအဖြစ်ကို အိမ်သားများလုံးဝမသိခဲ့ကြဘူး။

ကလေးဟာ ရက်အနည်းငယ်အတွင်း
နေမကောင်းဖြစ်နေတာ ၃ ကြိမ်ရှိနေပြီ။
ဒါကြောင့် GP ဆေးခန်းသွားပြတော့ ဆရာဝန်က
ကြမ်းပိုးကိုက်သလား အစာအဆိပ်သင့်သလား တစ်ခုခုပဲ
အခြေအနေမကောင်းရင်ပြန်လာပါလို့ဆိုတယ်။

ကလေးဟာ အစာစားဖို့ငြင်းဆန်နေသလို
ချေးမည်းများလည်းသွားတယ်။
ပါးစပ်ကိုလည်း လက်ညှိုးညွှန်ပြပြီးနာကြင်ကြောင်းပြောတယ်။
ဒါကြောင့် မိဘများက သွားဆေးခန်းခေါ်သွားပြန်တယ်။
သွားဆေးခန်းမှာ နာကြင်ကြောင်းဆိုပြန်လို့
သွားနဲ့ခံတွင်းမှာ တစ်ခုခုဖြစ်နေတာလို့ဆိုတယ်။

သွားဆေးခန်းမှအပြန်
ကလေးဟာအဖေ့လက်ထဲမှာပဲ ပျော့ခွေကျပြီး
ချေးများလည်းထွက်ကျလာလို့ ဆေးရုံကိုအမြန်ခေါ်သွားကြတယ်။
ဆရာဝန်များ ကလေးရဲ့ပါးစပ်ထဲပိုက်ထည့်လိုက်တာ
သွေးပုပ်များထွက်ကျလာတယ်။
သိပ်မကြာခင်မှာပဲ ချစ်တဲ့မိဘများကိုစွန့်ခွါသွားပါတော့တယ်။

ဒီအဖြစ်အပျက်အားလုံးဟာ တစ်ပါတ်ပဲကြာပါတယ်။

သေဆုံးပြီး ရင်ခွဲစစ်ဆေးလိုက်တဲ့အခါ
ကလေးရဲ့ကိုယ်တွင်းအနှံ့ နဲ့ အစာအိမ်ထဲမှာ
သွေးခဲတွေပိတ်နေတာတွေ့ရတယ်။
အစာပြွန်ထဲမှာတော့ ပျက်စီးပေါက်ထွက်နေတဲ့
၂ စင်တီမီတာအရွယ် ၃ ဗို့
လီသီယမ်ဘက်ထရီတစ်လုံးတွေ့ရတယ်။

ဘက်ထရီဟာ ပေါက်ပြီး
ခန္ဓာကိုယ်အနှံ့ သွေးကြောမှတဆင့်ပြန့်နှံ့သွားကာ
ကိုယ်တွင်းနေရာစုံမှာသွေးခဲတွေပိတ်ကုန်တာလို့ဆိုတယ်။
ကြယ်သီးဓါတ်ခဲ သို့မဟုတ် လီသီယမ်ဓါတ်ခဲကို
ကလေးရှိတဲ့အိမ်တိုင်းမှာ မရှိအောင် မထားတာအကောင်းဆုံးပါ။
ဒီဓါတ်ခဲဟာ ကလေးတွေကိုအမြင်အားဖြင့်ဆွဲဆောင်ပြီး
ကောက်ယူကာ ပါးစပ်ထဲထည့်နိုင်တဲ့အလားအလာရှိတယ်။
မိဘတိုင်းဟာလည်း လီသီယမ်ဓါတ်ခဲရဲ့အန္တရာယ်နဲ့
နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကို
သေချာသဘောပေါက်နားလည်ထားသင့်တယ်။


အချို့ နာရီဓါတ်ခဲလို့သိကြတယ်။

Credit

Comments