ကမ္ဘာနဲ့အရွယ်အစား တူညီပြီး လူသားတွေ နေထိုင်ဖို့သင့်တော်တဲ့ ဂြိုလ်တစ်လုံး တွေ့ရှိ ထား



သိပ္ပံပညာရှင်များက ကမ္ဘာနဲ့  အလင်းနှစ် ( ၁၁ ) နှစ်အကွာမှာ ကမ္ဘာနဲ့ အရွယ်အစား တူညီတဲ့ ဂြိုလ်တစ်လုံးထပ်မံတွေ့ရှိခဲ့ကြ ပါတယ် ။ Ross 128b လို့အမည်ပေးထား တဲ့ အဆိုပါ ဂြိုလ်သစ်ဟာ သက်ရှိတွေ အတွက် အသက်ရှင်နေနိုင်တဲ့ - အနေအထားရှိပြီး နှစ်သန်းပေါင်း ရဘီ လီယံ သက်တမ်းရှိတဲ့ အနီရောင်ကြယ် တစ်လုံးကို ကိုယ်ပိုင်ပတ်လမ်းကြောင်း အတိုင်း လည်ပတ်နေတာကို တွေ့ရှိရပါ တယ် ။
အနီရောင်ကြယ်တွေဟာ အာကာသထဲ မှာ တွေ့မြင်နေကြကြယ်များဖြစ်ကြပြီး လက်ရှိအချိန်အထိ တွေ့ရှိထားတဲ့ ကြယ် အားလုံးရဲ့ ( ၇၀ ) ရာခိုင်နှုန်းဟာ ကြယ်နီ များဖြစ်ပါတ် ။ ကြယ်နီတွေဟာ သူတို့ရဲ့ ပတ်လမ်းအတွင်းဘက်မှာ ရေထုအလွှာ ပါဝင်ဖို့ အခွင့်အလမ်းများတဲ့ ဂြိုလ်တွေ ကို ဆွဲငင်ထားနိုင်ကြောင်းသိရှိရပါ တယ် ။ ဒါကြောင့် အခုတွေ့ရတဲ့ ကြယ်နီနဲ့ သူ့ရဲ့ ဂြိုလ်တွေမှာ လေထုရှိဖို့ အခွင့်အလမ်းများပြီး သက်ရှိတွေကို ထောက်ပံ့ပေးနိုင်ဖို့လည်း ဖြစ်နိုင်ပါ တယ် ။

များမကြာမီက တွေ့ရှိရတဲ့ လေ့လာချက် များအရ အနီရောင်ကြယ် အဖွဲ့အစည်း တွေထဲမှာ ဂြိုလ်တွေ ဘီလီယံချီရှိနိုင်ပြီး အဲဒီထဲက အချို့ဟာ ကမ္ဘာမြေအတိုင်း သက်ရှိတွေနေထိုင်ဖို့သင့်တော်တဲ့ ဂြိုလ် တွေဖြစ်နိုင်မယ်လို့ သိရပါတယ် ။ အခု တွေ့ရှိရတဲ့ Ross 128b ဟာ ကမ္ဘာနဲ့ နီးကပ်နေတောဟာ အရမ်းအံဩစရာ ကောင်းတဲ့ဖစ်ရပ်ပဲဖြစ်ပါတယ် ။

Ross 128b ဟာ သက်ရှိတွေအတွက် လိုအပ်ချက်တွေကို ပိုမိုကောင်းမွန် အောင် ဖြည့်တင်းပေးနိုင်မှုတွေ ရှိတာ ကြောင့် အခြားဂြိုလ်များထက် သာလွန် ကြောင်းကိုလည်း သိရှိရပါတယ် ။ ဂြိုလ် ဟာ တည်ငြိမ်တဲ့ပတ်လမ်းပေါ်မှာရှိနေ သလို ၊ လှည့်ပတ်နေတဲ့ ကြယ်ဟာလည်း သက်တမ်းအားဖြင့်ကြာမြင့်နေပြီဖြစ်တဲ့ အတွက် ပြင်းထန်တဲ့ပြောင်းလဲမှုတွေ မ ဖြစ်နိုင်ပါဘူး ။ ဒါ့အပြင် ကွန်ပြုတာ တွက်ချက်မှုများအရ ဂြိုလ်မှာ တိမ်တွေ ရှိနိုင်ပြီး မြေမျက်နှာပြင်က ရေထုကို ထိန်းသိမ်းထား နိုင်တဲ့အတွက် သက်ရှိ နေထိုင်မှုအတွက် အထောက်အကူပြုတဲ့ လေထုလည်း ရှိနေနိုင်ကြောင်းသိရှိရပါ တယ် ။

အဆိုပါ ဂြိုလ်သစ်ကို တွေ့ရှိခဲ့ကြတဲ့ သိပ္ပံပညာရှင်များက ပိုပြီးပြည့်စုံတဲ့ အချက်အလက်တွေရရှိဖို့ လေ့လာမှုတွေ ဆက်လက်ပြုလုပ်ရဦးမယ်လို့ National Geographic သတင်းဌာနကို ပြောကြား ခဲ့ပါတယ် ။ အခုအချိန်မှာတော့ Ross 128b လို ကမ္ဘာနဲ့ အရွယ်အစားတူတဲ့ဂြို လ်တွေကိုကို ကမ္ဘာနဲ့ အလင်းနှစ် ( ၁၆ ) နှစ်အကွာအဝေးအတွင်းမှာ ရှာဖွေ နေကြောင်း သိရှိရပါတယ် ။

Comments