ကျွန် တော် တို့ ညစဉ်ညတိုင်းအိပ်ရင်အိပ်မက် တွေ မက်ကြတယ် ၊ တချို့ ညတွေကြတော့လည်း မမက်ဘူး ၊ တချို့ ည တွေကျတော့ မက်တယ် မမှတ်မိဘူး ၊ တချို့ ည တွေကျတော့အိပ်မက် က ထူးခြား လွန်းလို့ သိသိသာသာ ကို မှတ်မိနေတာမျိုး ၊ အစုံပါပဲ ။ လေ့လာတွေ့ရှိချက်များအရတော့ ကျွန်တော် တို့ မက် လေ့ ရှိတဲ့အိပ်မက် များကအကြမ်းဖျင်းအားဖြင့် ပုံစံ ( ၅ ) မျိုး ရှိပါတယ် ။
1 ) အိပ်မက်ဆိုး ဒါကတော့ လူတိုင်း ရင်းနှီးပြီးသား ဖြစ်မှာပါ ။
ချောက် ကြီးထဲ ပြုတ်ကျသွားတာ ၊တစ်ယောက်ယောက်က ကိုယ့်ကို လိုက်နေလို့ လွတ်အောင်ပြေးရတာအစရှိတဲ့ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လာတာတွေကအိပ်မက်ဆိုး တွေပါပဲ ။ များသောအားဖြင့် တော့အိပ်မက်ဆိုးတွေ ဟာ ကိုယ့်လက်တွေ့ဘဝ နဲ့ ထင်ဟပ် ပြီး မက်လေ့ရှိပါ တယ် ။ မိသားစု ပြဿ နာတွေ ၊ သမီးရည်းစား ကိစ္စ ၊ မူးယစ်ဆေးဝါးအလွဲအကျွံ သုံးတာ ၊ စိတ်ကျရောဂါအစ ရှိတဲ့အကြောင်းအရာ တွေနဲ့ စပ်လျင်းပြီး ဖြစ်ပေါ်လာ ဖြစ်ပါတယ် ။
2 ) အကြိမ်ကြိမ် မက်တဲ့အိပ်မက် အိပ်မက် တစ်ခု ကို ၃ / ၄ ကြိမ် ပြန်မက်တာမျိုး ကြုံဖူး လား ? ဒါပေမယ့်အဲ့လို ပြန်မက်တယ်ဆိုတာလည်း အတိအကျ မပြောနိုင် ၊ ပြန်မက်တာရော ဟုတ်လို့လား ဆိုပြီး ဝေဝေဝါးဝါး ဖြစ်တတ်ပါတယ် ။ တကယ်တော့ အိပ်မက် တွေကလည်း တီဗီကြော်ငြာ တွေလို အခေါက်ခေါက်ပြနိ မက်လေ့ရှိပါတယ် ။ ကိုယ့်စိတ်မှာ အရမ်းစွဲ နေတဲ့အရာ အဖြစ်အပျက် ၊ အထူးသဖြင့် ဝမ်းနည်းစရာ ၊ ထိပ်လန့် စရာ ကိစ္စမျိုးတွေကို အခေါက်ခေါက်အိပ်မက် ပြန်မက်တတ်ပါတယ် ။
3 ) ပျော်စရာအိပ်မက် မိတ်ဆွေ တို့တော့ ဘယ်လိုလဲ မသိဘူး ။ ကျွန်တော်က တော့ ပျော်စရာအိပ်မက် မက်ခဲတယ် ။ ကျွန်တော့် လက်တွေ့ဘဝမှာ stress တွေများလို့လည်း ဖြစ်နိုင် တယ် ။ တကယ်လို့ မက်ဖြစ်တဲ့အခါတွေမှာလည်း နိုး လာရင် သိပ်မမှတ်မိ တော့တာများတယ် ။ scientist တွေအဆိုရတော့ ပျော်စရာအိပ်မက် တွေမက်တာဟာ အိပ်မက်မက် သူဟာ သွားနဲ့ ပတ်သတ်တဲ့ ပြဿ နာ တစ်ခုခု ရှိနေတာကို ရည်ညွှန်းတာပါတဲ့ ။ ထူးဆန်း တယ်နော် ။
4 ) တိကျ သေချာတဲ့အိပ်မက် တွေ သေချာပြန်စဉ်းစားကြည့်ရင်အိပ်မက် မက် တဲ့အခေါက် တော်တော် များများ မှာ ကျွန်တော်တို့က ဒါဟာ အိပ်မက် မက် နေတာပဲ လို့ မသိကြဘူး ။ ဒါပေမယ့် ဖြစ်တောင့်ဖြစ်ခဲအခါ တွေမှာတော့အိပ်မောကျ ၊ အိပ်မက် မက်နေရင်းပဲ ငါအိပ်မက် ထဲ ရောက်နေတာ ပါလား ဆိုတဲ့အသိစိတ်ဝင်လာကျတဲ့အိပ်မက်မျိုး တွေ ရှိတယ် ။ ဒါပေမယ့် ဒါဟာ ရှားရှားပါးပါးအသိစိတ် အတိအကျ ရှိတဲ့အိပ်မက် မျိုး ဖြစ်ပါတယ် ။
5 ) နမိတ်ပြအိပ်မက် ဒီတစ်ခု က ကျွန်တော်တို့ မြန်မာလူမျိုး တွေနဲ့ ထိတွေ့ မှုအများဆုံးလို့ ထင်ပါတယ် ။ တချို့ဆိုအိပ်မက် တွေမ ကောင်းဘူး ဆိုပြီး ယတြာ ချေတာ ဘာညာ တောင် ရှိ ကြပါတယ် ။ ဥပမာ - အိပ်မက် ထဲမှာ မြွေတွေ မက်ရင် ပိုက်ဆံဝင်တာတို့ ၊ သွားကျိုးတာကိုမက်ရင် မိသားစု ဝင် ထဲက လူကြီးတွေ ကျန်းမာရေး စိုးရိမ် စရာ တစ်ခုခု ရှိလာတာအစရှိတဲ့အယူသီးတာမျိုးတွေ ရှိကြပါတယ် ။ နောက်ပြီး နှစ်လုံး ဂဏန်း ၊ ထီဂဏန်း တွေ ၊ အတိတ်နမိတ် ကောက်တာအစုံပဲနော် ။
မိတ်ဆွေ တို့ရော ဘယ်လိုအိပ်မက် တွေကိုအများဆုံး မက်ဖြစ်ကြလဲ ?
#credit
Comments
Post a Comment