မြန်မာ့ ဂုဏ်ဆောင် အချစ်တော် အောင်လအန်ဆန်း ရဲ့ နောက်ထပ် ဝမ်းသာ စရာ သတင်းကောင်း….



မြန်မာတွေ အမြဲဂုဏ်ယူနေရတဲ့ မြန်မာနိုင်ငံဖွား ကမ္ဘာ့ချန်ပီယံကြီးတစ်ဦး ဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မိသားစုနဲ့အတူ နယ်ခြားမြေခြားမှာ နေထိုင်ပေမယ့်လည်း အမိမြေ မြန်မာနိုင်ငံကြီးကို မြတ်နိုးတွယ်တာလွန်း သူတစ်ဦးပါ ။

အောင်လအန်ဆန်ရဲ့ ဇနီးနဲ့ သားလေးက လည်း သာယာလှပတဲ့ မြန်မာပြည်ကြီး ကို ချစ်ခင်မြတ်နိုးတာကြောင့် အမြဲလိုလို လာရောက်လည်ပတ်လေ့ရှိကြပါတယ် ။
Burmese Python ' MMA ရဲ့အကောင်းဆုံးဖိုက်တာတစ်ယောက် ။ သံလှောင်အိမ် ထဲမှာတော့ အဲဒီလိုမျိုးဂုဏ်ပုဒ်တွေနဲ့ ကိုက်ညီနေအောင်လို့ အောင်လအန်ဆန် မှာ ခက်ထန်မှုတွေ ၊ ကြမ်းတမ်းမှုတွေ အပြည့်ရှိနေရပါတယ် ။
သံလှောင်အိမ်ထဲက Burmese Python ရဲ့မျက်လုံးတွေဟာ တောက်ပမှုအပြည့်၊ ပြိုင်ဘက်ကို ဘယ်လိုအသာစီးရယူမလဲ၊ ဘယ်လိုနှိမ်နင်းရမလဲဆိုတာပဲ အောင်လအန်ဆန်ရဲ့ ခေါင်းထဲမှာ တွေးထားပါလိမ့်မယ်။
ကြိုးဝိုင်းထဲက သူရဲ့ မျက်လုံးတွေ ကတော့ တောက်ပမှုအပြည့် ၊ ပြိုင်ဘက် ကို ဘယ်လို အသာစီးရယူမလဲ ဘယ်လို နှိမ်နင်းမလဲဆိုတာတွေနဲ့ ပြည့်နက်နေပြီး ကြိုးဝိုင်းထဲက ထွက်လိုက်တာနဲ့ အောင် လအန်ဆိုင်ဟာ လုံးဝပြောင်းလဲသွားပါ တော့တယ် ။ ကြိုးဝိုင်းထဲမှာ ခက်ထန်မှုတွေနဲက ပြည့် နှက်နေသလောက် အောင်လအန်ဆန်းရဲ့ ပြင်ပနေထိုင်မှုဘဝကတော့ သိပ်ကို အေးချမ်းလွန်းပါတယ် ။
သူကတော့ အသက်ထပ်ချစ်ရတဲ့ချစ် ဇနီးလေး ၊ ချစ်စရာသားလေးအဒီးလေး တို့နဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်း ပါတယ် ။ လက်ရှိမှာတော့ အောင်လအန် ဆန်းဟာ နောက်ထပ် ရင်သွေးငယ်လေး ကို ပိုင်ဆိုင်ရတော့မယ့်အကြောင်းကို “ ယောက်ျားလေးလား ? မိန်းကလေး လား ? Boy or Girl ? “ လို့ သူရဲ့ လူမှု ကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။
ပရိသတ်ကြီးရေ ဒုတိယမြောက်ရင်သွေးလေး ပိုင်ဆိုင်တော့မယ့် အောင်လအန်ဆန်း ကို ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။

လေးစားစွာဖြင့်
#Credit



Comments