သမီးဖြစ်သူ ဗိုက်အလွန်အမင်း အောင့်လို့ ဆေးစစ်ကြည့် မှ ပျောက်နေတဲ့ သိန်းတထောင်ကျော်တန်ဖိုးရှိ လက်ဝတ်ရတနာတို့ရဲ့ အဓိက ဇာတ်ကောင် ဖြစ်နေ…
အိမ်မှာရှိတဲ့ ရွှေဆွဲကြိုး၊ လက်ဝတ်လက်စားတွေ၊ ဒင်္ဂါးပြားတွေ မကြာခဏဆိုသလို ပျောက်နေပေမယ့် လက်သည်မပေါ်ပဲဖြစ်နေခဲ့ရာမှ အသက် ၂၆ နှစ်အရွယ်သမီးဖြစ်သူက လစ်ရင်လစ်သလို ပါးစပ်ထဲထည့်ကာ မျိုချထားခဲ့ကြောင်း ဇူလိုင်လ ၂၄ ရက်နေ့ကမှ အဖြစ်မှန်ပေါ်ပေါက်ခဲ့ပါတယ် ။
အိန္ဒိယနိုင်ငံအနောက်ဘန်ဂယ်လ်ပြည်နယ်ရှိ မိသားစုတစ်စုမှ သမီးဖြစ်သူဟာစိတ်မနှံ့သူဖြစ်ပြီး အိမ်ရှိလက်ဝတ် လက်စားများကို နည်းနည်းခြင်းမျိုချခဲ့ရာမှ အစာအိမ်မခံနိုင်အောင်အောင့်လာပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေနေနဲ့ ဆေးရုံတက်ခဲ့ရာ
သူမရဲ့အစာအိမ်ထဲမှ ၁.၆ ကီလို အလေးချိန်ရှိတဲ့အမျိုးမျိုးသောလက်ဝတ်လက်စားနဲ့ ဒင်္ဂါးပြားတွေကို ဆရာဝန်တွေကခွဲစိပ်ပြီး ထုတ်ပေးခဲ့ရပါတယ်။
မိခင်ဖြစ်သူက လက်ဝတ်လက်စားတွေ ပျောက်တာ သတိထားမိပေမယ့် သူမကိုမေးတာနဲ့ အော်ကြီးဟစ်ကျယ် အော်ငိုတော့တာပါပဲ။ အစားအသောက်တွေလည်း မစားတော့ပဲလွှင့်ပစ်ပါတယ်။
သူမဟာ နေထိုင်မကောင်းဖြစ်နေတာ ၂ လလောက်ရှိပြီဖြစ်ပြီး ဆရာဝန်ပေါင်းစုံနဲ့ ပြကြည့်ပေမယ့် မသက်သာပါဘူး။ နောက်ဆုံးမှာတော့ စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံတင်ခဲ့ရပါတယ်။
ဆရာဝန်တွေက သူမရဲ့အစာအိမ်ထဲကနေ ဆွဲကြိုး ၆၉ ကုံး၊ နားကပ်အစုံ ၈၀၊ နှာခေါင်းကွင်း ၁၁ ကွင်း၊ ဆွဲသီး ၈ ခု၊ လက်ပတ်နာရီ ၁ လုံး၊ ငွေဒင်္ဂါးပြား ၂ ပြားနဲ့ ခြေကျင်း ၅ ခုတို့ကို ခွဲစိပ်ထုတ်ယူခဲ့ ရပါတယ်။ ပစ္စည်းအများစုဟာ ကြေးနီ၊ ကြေးဝါတို့နဲ့ ပြုလုပ်ထားပြီး ရွှေနဲ့လုပ်ထားတဲ့ ပစ္စည်းတွေ လည်းပါဝင်ပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့က စိုးရိမ်ရတဲ့အခြေနေနဲ့ ဆေးရုံရောက်လာခဲ့ကြောင်း ခွဲစိတ်ဆရာဝန်ကြီး Dr Siddhartha Biswas ကဆိုပါတယ်။ သူမကို အချိန်တနာရီနဲ့ ဆယ်ငါးမိနစ်ကြာအောင် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး သီတင်းပတ်အနည်းငယ်လောက် အနားယူပြီးရင်တော့ လူနာအခြေအနေက ပုံမှန်ပြန်ဖြစ်လာမယ်လို့ဆိုပါတယ်။
ခရက်ဒစ်
အိန္ဒိယနိုင်ငံအနောက်ဘန်ဂယ်လ်ပြည်နယ်ရှိ မိသားစုတစ်စုမှ သမီးဖြစ်သူဟာစိတ်မနှံ့သူဖြစ်ပြီး အိမ်ရှိလက်ဝတ် လက်စားများကို နည်းနည်းခြင်းမျိုချခဲ့ရာမှ အစာအိမ်မခံနိုင်အောင်အောင့်လာပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေနေနဲ့ ဆေးရုံတက်ခဲ့ရာ
သူမရဲ့အစာအိမ်ထဲမှ ၁.၆ ကီလို အလေးချိန်ရှိတဲ့အမျိုးမျိုးသောလက်ဝတ်လက်စားနဲ့ ဒင်္ဂါးပြားတွေကို ဆရာဝန်တွေကခွဲစိပ်ပြီး ထုတ်ပေးခဲ့ရပါတယ်။
မိခင်ဖြစ်သူက လက်ဝတ်လက်စားတွေ ပျောက်တာ သတိထားမိပေမယ့် သူမကိုမေးတာနဲ့ အော်ကြီးဟစ်ကျယ် အော်ငိုတော့တာပါပဲ။ အစားအသောက်တွေလည်း မစားတော့ပဲလွှင့်ပစ်ပါတယ်။
သူမဟာ နေထိုင်မကောင်းဖြစ်နေတာ ၂ လလောက်ရှိပြီဖြစ်ပြီး ဆရာဝန်ပေါင်းစုံနဲ့ ပြကြည့်ပေမယ့် မသက်သာပါဘူး။ နောက်ဆုံးမှာတော့ စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံတင်ခဲ့ရပါတယ်။
ဆရာဝန်တွေက သူမရဲ့အစာအိမ်ထဲကနေ ဆွဲကြိုး ၆၉ ကုံး၊ နားကပ်အစုံ ၈၀၊ နှာခေါင်းကွင်း ၁၁ ကွင်း၊ ဆွဲသီး ၈ ခု၊ လက်ပတ်နာရီ ၁ လုံး၊ ငွေဒင်္ဂါးပြား ၂ ပြားနဲ့ ခြေကျင်း ၅ ခုတို့ကို ခွဲစိပ်ထုတ်ယူခဲ့ ရပါတယ်။ ပစ္စည်းအများစုဟာ ကြေးနီ၊ ကြေးဝါတို့နဲ့ ပြုလုပ်ထားပြီး ရွှေနဲ့လုပ်ထားတဲ့ ပစ္စည်းတွေ လည်းပါဝင်ပါတယ်။
ခရက်ဒစ်
Comments
Post a Comment