မြန်မာနိုင်ငံရဲ့ ရှေးဟောင်းလက်ရာ ဆင်းတုတော်တွေနဲ့ ရှေးဟောင်းပစ္စည်း တွေကို တရုတ်ပြည်သို့ နေ့စဉ် ကားကြီး တွေနဲ့ သယ်ပို့နေတာကို ဝါရှောင် ဆရာတော်ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ရှိခဲ့ပါတယ် ။ အဲဒီအဖြစ်အပျက်တွေကို ဆရာတော်က ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားခဲ့ပါ တယ် ။ အဲဒီပုံများနဲ့ဆရာတော်ရဲ့ ခံစား ချက်များကို ပြန်လည် ဖော်ပြလိုက်ပါ တယ်ခင်ဗျ ဒီနေရာကတော့ မြစ်ကြီးနားကနေ လွယ် ဂျယ်လမ်း အတက်အဆင်းမှာ တွေ့ရတဲ့ အိမ်နီးချင်းနိုင်ငံက နံပါတ်ပျောက် စတိုင် လ်သစ်ကားကြီးတွေပေါ့ ၊ ကိုယ်တိုင်မြင် ကိုယ်တိုင်ရိုက် လက်ရာပါ ။
ဝါရှောင် ကိုယ့်ကျောင်းဝင်းကနေ မနက် ၆နာရီခန့် လမ်းလျှောက်ထွက် နံပါတ် ပျောက် ကားတန်းတွေ့ ဓါတ်ပုံရိုက်ပြီး တင်လိုက်တာ လူတွေစိတ်ဝင်တစား ရဲ တာမြင်တာနဲ့ဒီစာပုံလေးတွေကို တင်ပြ ဖြစ်ခဲ့ရ ပြီပေါ့ အခုတွေ့ရတဲ့ပုံ နေရာ ကတော့ တရုတ်ပြည် မန်စီမြို့ ကောင်းမူးခမ်း ခေါ် ကောင်းမူးရေယက် ရှေ့ယက်က မြက်ခင်း ကောင်းမှုက စေတီ ၊ မြက်ခင်း စေတီပေါ့ ၊ စေတီရဲ့ အတွင်းပိုင်းပုံရိပ်ပါ ဒါနဲ့ နံပါတ်ပျောက် ကားကြီးတန်း မိုးကာ အလုံပိတ်တွေနဲ့ဒီဘုရားနဲ့က ဘာဆိုင် သလဲ ?
ရှင်းသွားပါလိမ့်မယ် အခု ဖူးတွေ့နေရတဲ့ ရှေးဟောင်းမြန်မာ့လက်ရာ ဘုရား ဆင်းတုတွေဟာအများဖူးဖို့ မဟုတ်ပဲ တံဆိပ်ကပ် ဈေးကွက်တင် အရောင်းခံ နေရတဲ့ ဘုရားတွေပါ ။
မြန်မာပြည်မှာတောင် မဖူးတွေ့ရတော့တဲ့ ဘုရားများပါ အင်မတန် လက်ရာမြောက် တဲ့ ရှားပါး ဆင်းတုတော်နဲ့ သာသနာ အသုံးအဆောင် မှန်စီရွှေချ ( ရွှေအစစ် ) မြန့်မာ့အနုလက်ရာတွေပါ ။ ဒီလောက်များတဲ့ ဘုရားတွေ တရုပ်ပြည် ကို ဘယ်လမ်းက ကြွလာသလဲ ? မြန်မာ ပြည်သားတွေ့ ၊ ခိုးပင့်လာသလား ? ထိရှ ပွန်းပဲ့ မရှိဘဲ သပ်ရပ်စွာ ရောက်လာတာ ဘာ ယာဉ်နဲ့ပင့်လာသလဲ ။
အိမ်နီးချင်းနိုင်ငံက မြန်မာပြည်ကို ဝင် ထွက်နေတဲ့ နံပါတ်ပျောက် မိုးကာလုံ ကားကြီးတွေနဲ့ မိတ်ဆွေနိုင်ငံက လုံခြုံစွာ ပင့်သွားတာလား ? ပြီးခဲ့တဲ့၁၀ရက်ကျော် ကဆိုင်လှော် ဆဒုံးလမ်းဆုံမှာ ဖရဲသီး တင် နံပါတ်ပျောက်ကားကြီးထဲမှာ နွား တွေကို စစ်ဆေးတွေ့ရှိပါသေး သတဲ့ လေ ။ ဘုရားများနဲ့ရှေးအနုလက်ရာတွေ အားလုံးကို တံဆိပ်ကပ် ရောင်းချနေကြ တာပါ ၊ ဈေးနှုန်းတွေကတော့ ယွမ် ၂သောင်းခွဲကစပြီး ယွမ် ၅ / ၆သောင်း လောက်အထိ ရှိပါတယ် ။
Comments
Post a Comment