ရီးရဲလ်ကိုပြောင်းရွှေ့ဖို့ ရီးရဲလ်ကစားသမားလေးဦးကို ဆက်သွယ်ခဲ့တဲ့ နေမာ


ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ချင်နေခဲ့တယ်လို့ သိရပါတယ်။ နေမာအနေနဲ့ သူ့ကို ရီးရဲလ်က မခေါ်ယူချင်မှသာ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ စဉ်းစားထားတယ်လို့လည်း သတင်းများက ဖော်ပြခဲ့ကြပြီး နေမာအနေနဲ့ ဇန်နဝါရီ သို့ လာမယ့်နွေရာသီကာလမှာ ဘာနေဗျူးကို ရောက်ရှိဖွယ်ရှိနေပါတယ်။ [attachvideo id=153646] နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက်လုံးမှာ နေမာရဲ့ အပြောင်းအရွှေ့သတင်းက ကြီးစိုးနေခဲ့ပေမယ့်လည်း အဆုံးသတ်မှာတော့ ပီအက်စ်ဂျီမှာသာ ဆက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း စပိန်သတင်းစာ Marca ကတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ထုတ်ဖော်ရေးသားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နေမာအနေနဲ့ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘဲ ရီးရဲလ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ချင်ခဲ့ပြီး ရီးရဲလ်ကစားသမားလေးဦးကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ ရာမို့စ်၊ လူကာမိုဒရစ်၊ မာဆယ်လိုနဲ့ ကက်စ်မဲရိုးတို့ကို နေမာက ဆက်သွယ်ခဲ့တာဖြစ်ပြီး အဆိုပါ ကစားသမားလေးဦးထဲမှာ နှစ်ဦးက ဘရာဇီးလ်အသင်းဖော်တွေဖြစ်ကြပါတယ်။ နေမာက အဆိုပါကစားသမားလေးဦးနဲ့ စကားပြောဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် ဂါရတ်ဘေးလ်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ရဲ့ အပြောင်းအရွှေ့မဖြစ်ပေါ်ခဲ့တာမို့ နေမာရဲ့ အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့တာလို့ သိရပါတယ်။ နေမာအတွက်ကုန်ကျမယ့် ငွေကြေးကို အဆိုပါကစားသမားနှစ်ဦးကို ပြန်လည်ရောင်းချပြီး ရီးရဲလ်ကရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။
#Credit

Comments