စစ်ဆေးမှုအားလက်မခံဘဲ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၁ ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ သည့် မိုးကုတ်မှ နှစ်ဦးကို ထောင်ဒဏ် ၆ လချမှတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ စစ်ဆေးမှုအားလက်မခံဘဲ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၁ ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ သည့် မိုးကုတ်မှ ဦးဇော်လွင်နှင့် ဒေါ်ဝါဝါ တို့အား
မိုးကုတ်တရားရုံးက သဘာဝဘေးအန္တရာယ်ဥပဒေပုဒ်မ ၂၆အရ ထောင်၆လစီကျခံစေရန်အမိန့်ချလိုက်ကြောင်း သက်ဆိုင်ရာက Myanmar Harp ကိုပြောသည်။
၂၀၂၀ မတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မိုးကုတ်မြို့နယ်၊ ကျောက်ဖြူရပ်ကွက် မိုးကုတ်-မန္တလေးကားလမ်းပေါ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ ကျန်းမာရေး စစ်ဆေးသည့်နေရာဖြစ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။
အဆိုပါ ၂ဦးသည် ထိုနေ့က မန္တလေးဘက်မှ မိုးကုတ်မြို့ဘက်သို့ မော်တော်ယာဉ် ၁ စီးဖြင့် လာရောက်ခဲ့ရာတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများက ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေမှုအပေါ်
အစစ်ဆေးခံခြင်းမရှိဘဲ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၁ ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ရာ ကျပ်ပြင်နယ်မြေရဲစခန်း က (ပ)၇၁/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃(ဆဲဆိုမှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှု)ပုဒ်မ၂ခုဖြင့်
အမှုဖွင့်အရေးယူခဲ့သော်လည်း နောက်ပိုင်းတွင် ဥပဒေအကြံပေးချက်အရ ကနဦးစွဲထားချက်တို့ကို ဖျက်ကာ သဘာဝဘေးဖြင့်ပြောင်းလဲ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်ဟုသိရသည်။
ကိုမင်း/Myanmar Harp
Comments
Post a Comment