မိုဘိုင်းဂိမ်းသမားတွေအတွက် Facebook app ထဲကနေ ခွဲထုတ်လိုက်တဲ့ Facebook Gaming App




Facebook ဟာ Gaming နယ်ပယ်မှာ ရင်းနှီးမြှပ်နှံခဲ့တာ နှစ်အနည်းငယ် ကြာနေပါပြီ။
Facebook ကို လစဉ် သုံးစွဲသူ ၂.၅ ဘီလီယမ်ကျော် ရှိနေပေမယ့် Game Streaming အပိုင်းမှာတော့ Twitch နဲ့ YouTube တို့ထက် နောက်ကျကျန်နေပါတယ်။
ဒါကြောင့် Facebook က ပြိုင်ဖက်တွေကို အမှီလိုက်ဖို့ ကိုယ်ပိုင် App ၁ ခုကို ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်။
Gaming သဘောကျတဲ့သူတွေနဲ့ Streamer တွေအတွက်တော့ ပိုကောင်းလာတော့မှာပါ။ Live Streaming တန်းလုပ်လို့ရတဲ့ အပြင် Twitch ထက်သာကတော့ Game တွေကို တစ်ခါတည်း Add လုပ်ပြီး Stream လုပ်လို့ရတာပါ ။

Comments